အခန်း(၁၃)

330 55 7
                                    

Unicode

ဓားရေးညီလာခံသမိုင်း

ဓားရေးညီလာခံကသတ်မှတ်ထားသောအရာမှာပြိုင်ပွဲကြီးကာလအတွင်းစည်းမျဉ်းအရ ‌ကိုယ်စားလှယ်များရွေးချယ်ခြင်းဖြစ်ပြီး ဆရာအဘိုးဖုန်းလျန်က လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်တည်းကချမှတ်ထားခြင်းဖြစ်သည်။

ထျန်ကျန်းမန်ဂိုဏ်းသည် ဓားကျင့်ကြံရေးကိုသာကျင့်ကြံကြတဲ့ဂိုဏ်းဖြစ်သည်မှာ သံသဖြစ်စရာတောင်မလိုပေ ။ကျင့်ကြံခြင်းလောကရှိထိပ်တန်းကိုယ်ခံပညာဂိုဏ်းတစ်ခုလည်းဖြစ်သဖြင့် ကိစ္စတိုင်းမှာကျွမ်းကျင်မှုအမျိုးမျိုးရှိကြသည်။

ဓားမွမ်းမံခြင်းခန်းမက ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းပေါ်မှာ အဓိကထားသည်။ဓားအစောင့်ရှောက်ခန်းမကျ ကာကွယ်ရေးအစီအရင်တွေပေါ်မှာ အဓိကထားသည်။ဓားကျင့်ကြံရေးခန်းမက စည်းတံဆိပ်ဖွဲစည်းခြင်းကိုအထူးကျွမ်းကျင်ကြသည်။ဆေးခန်းမကတော့ ဓားကျင့်ကြံရေးအားနည်းပေမယ့် ဆေးဖော်စပ်တဲ့နေရာမှာတော့ ကျွမ်းကျင်မှုရှိကြသည်။

အစောပိုင်းနှစ်တွေက ဂိုဏ်းတွေကြားမကြာခဏတစ်ဦးချင်းပြိုင်ပွဲတွေရှိခဲ့သည်။

နတ်ဆိုးတွေနဲ့မကောင်းဆိုးဝါးတွေအတူတကွကျူးကျော်လာကြတော့ သူတို့သာဂိုဏ်းကို ကာကွယ်ချင်ရင် အားကြီးတဲ့အတိုက်အခိုက်တွေပေါ်မှာသာမှီခိုနေ၍မရပေ။

သူတို့ခွဲခြားပြီး အနိုင်ယူရမည်။ထို့ကြောင့် ဌာနခွဲတွေပေါ်လာခြင်းဖြစ်သည်။

အတိတ်တုန်းက ခန်းမကြီးလေးခုသည် အတူတူရပ်တည်ပြီး စဉ်းစားတွေးခေါ်ကြသည်။
သို့သော် ယနေ့တွင် ကျင့်ကြံရေးလောက၏ စွမ်းရည်တွေပိုပြီးတိုးပွားလာသဖြင့် နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေမလှုပ်ရှားရဲတော့ပေ။ဂိုဏ်းအမျိုးမျိုးကလည်းစတင် ဆင်ခြင်ပေးနေကြပြီး တိုက်ခိုက်ရာမှာအားလျော့လာကြသည်။

ထို့ကြောင့် ထျန်ကျန်းမန်ဂိုဏ်းသည် ပုဂ္ဂိုလ်ရေးကျင့်ကြံရေးအဆင့်တွေမှာပိုပိုပြီး အာရုံစိုက်လာကြသည်။ဖြည်းဖြည်းချင်းအားနည်းလာတဲ့ ဆေးခန်းမနှင့်ဓားကျင့်ကြံရေးတို့ကြောင့်လည်းဖြစ်သည်။

အထူးသဖြင့်ယွီယင်းကျန်းရန် ဂိုဏ်းချုပ်ဖြစ်ပြီးနောက်ပိုင်းဆိုပိုမှန်လိမ့်မည်။
ဓားသိုင်းပေါ်တယူသန်းသမားတစ်ယောက်အနေနဲ့ ဓားသိုင်းရဲ့အင်အားဆိုတာ ကျင့်ကြံသူတွေရဲ့နှလုံးသားဖြစ်တယ်လို့ သူယုံကြည်ခဲ့တယ်။
ထို့ကြောင့် ခန်းမလေးခုရဲ့ ဆက်ဆံရေးနဲ့အင်အားတွေ ကြားထဲက ကွာခြားမှုရလဒ်တွေကြီးထွားလာတော့ ဓားကျင့်ကြံရေးခန်းမနဲ့ဆေးခန်းမကို သူပိုပြီးတောင်အမြင်မကြည်တော့ပေ။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now