အခန်း(၁၄.၁)

328 56 1
                                    

Unicode

ထျန်ကျန်းမန်ဂိုဏ်းတည်ထောင်ချိန်တည်းက ခန်းမကြီးလေးခုတွက် အရင်းမြစ်တွေဝေမျှပေးခြင်းက မတူညီကြပေ။ သို့သော် ရရှိတဲ့အရင်းမြစ်တွေက ကွဲပြားကြသောကြောင့် ဘယ်သူကနည်းတယ်များတယ်ဆိုပြီး ဘယ်တုန်းကမှ ပြဿနာမတက်ခဲ့ပေ။

စွမ်းရည်သန်မာဖို့တွက်သုံးနိုင်တဲ့ စိတ်ဝိဉာဉ်ကျောက်တုံးနှင့် တစ်ခြားစိတ်ဝိဉာဉ်ပစ္စည်းတွေအား ဓားမွမ်းမံခြင်းခန်းမနှင့်ဓားအစောင့်ရှောက်ခန်းမတို့ကိုသာပေးသည်။
တစ်ခြားအမျိုးစားရှိတဲ့စိတ်ဝိဉာဉ်ပစ္စည်းတွေကိုတော့ ဓားကျင့်ကြံရေးခန်းမနဲ့ ဆေးခန်းမတို့ကို ပေးအပ်သည်။

နောက်ပိုင်းမှာတော့ စွမ်းရည်အမြင့်ဆုံးခန်းမနှစ်ခုကိုသာ ပစ္စည်းတွေအများကြီးပိုပေးတော့သည်။အဲ့တာကြောင့်လည်း ဆေးခန်းမတပည့်တွေက သဘာဝကျကျပဲ ဆင်းရဲကြတာဖြစ်သည်။
ယွီယင်းကျန်းရန်က ဒါတွေမသိခဲ့ပေ။သူ့အမြင်မှာတော့ သူတို့အကျိုးသင့်အကြောင်းသင့်ရှိတယ်ပေါ့...ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ သူမှာ အမှန်တကယ် ဖုန်းကွယ်ထားတဲ့ရည်ရွယ်ချက်များမရှိခဲ့...သူက ဘယ်တပည့် ဘယ်အကြီးကဲကိုမှလည်း ဟိုလူဒီလူဆိုပြီး ဘက်မလိုက်ခဲ့ပေ။စွမ်းရည်အမြင့်ဆုံးကဘယ်သူဆိုတာရယ် ဓားသိုင်းက ကောင်းကင်ဘုံရဲ့သတ်မှတ်ထားခြင်းဆိုတာပဲ သူယုံကြည်နေခဲ့သည်။

ထို့ကြောင့် ရီရှီးချန်ရဲ့ တောင်းဆိုမှုအားကြားပြီးတော့မှသူအံ့ဩသွားမိသည်။သူ ငြင်းပယ်မည်တော့မဟုတ်ပေ။ဘာလို့ဆို ထိုသူကစကားနဲ့ပြောမယ့်အစား သူ့အရည်အချင်းကို သုံးနေလို့ပင်။

"သေချာတာပေါ့"

ယွီယင်းကျန်းရန် ဆိုလိုက်သည်။
"ဆေးခန်းမရဲ့အဆင့်ငါးတပည့်အနေနဲ့မင်းသာ ဓားမွမ်းမံခြင်းခန်းမရဲ့အဆင့်ငါးတပည့်ကို တကယ်ကျော်သွားရင် ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ခန်းမလေးခုရဲ့ပစ္စည်းဝေမျှခြင်းကို ငါ ပြန်စဉ်းစားကြည့်ပေးမယ်"

ဒီကိစ္စကိုဆုံးဖြတ်တာစောင့်ပြီးတာနဲ့ ဝမ်ချင်းချောင်နဲ့ရီရှီးချန်တို့က သူ့တို့လက်သီး‌တွေကို ပွတ်လိုက်ရင်း ကြီးမားတဲ့ တစ်ဦးချင်းပြိုင်ပွဲကြီးတွက်အဆင်သင့်ပြင်လိုက်ကြသည်။
မမျှော်လင့်စွာဖြင့် ရှောင်ကွေ့က ခုန်ထွက်လာပြန်သည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now