အခန်း (၁၄. ၂)

330 52 5
                                    

Unicode

ကျန်းစွင်းကျစ်ကျွင်း ပြောလိုက်သည်။

"နေမကောင်းတာကသိတာပြင်တစ်ခြားမှမရှိတာ...ငါ့မှတ်ဉာဏ်ထဲက တစ်ချို့အရာတွေကတော့သွေဖယ်နေပေမယ့် တရားလွန်သွေဖယ်မယ်လို့တော့ငါမယုံဘူး"

"တရားလွန်ဖြစ်လွန်းနေတာပေါ့!" ရီရှီးချန်က သူ့ကိုကြည့်လာသည်။

"ဒီလောကမှာမရှိတဲ့အရာတွေထက်တောင်တရားလွန်ဖြစ်နေလေ!‌သောက်ရမ်း လက်မခံနိုင်စရာပဲ!"

သူက ခဏလောက်နားပြီးမှ အဆက်မပြတ်ပြောလာသည်။
"လက်မခံနိုင်စရာက လက်မခံနိုင်စရာပဲလေ။အဲ့လက်မခံနိုင်စရာတွေလည်း ဖြစ်နိုင်ပါ့မလား"

ကျန်းစွင်းကျစ်ကျွင်းရဲ့နှုတ်ခမ်းတွေတင်းတင်းစေ့သွား၏။
"တစ်ချိုထူးဆန်းတဲ့အချက်လက်တွေရှုပ်ထွေးနိုင်တယ်။ငါသိတဲ့ အရာတွေရှိသလို မသိတဲ့အရာတွေလည်းရှိတယ်။ဥပမာအနေနဲ့ မင်းကျင့်ကြံရေးစွမ်းရည်ပဲ။မင်းက တကယ့်ကို သန္ဓေပြောင်းဝိဉာဉ်မြစ်ရှိတာ မှားယွင်းတဲ့ဝိဉာဉ်မြစ်ရှိတာမဟုတ်ဘူး။ကောင်ကင်မီးတောက်ကြောင့် မင်းထိခိုက်မိပြီးနောက်ပိုင်း မင်းခန္ဓာကိုယ်ထဲက ကျင့်ကြံရေးလမ်းကြောင်းနေရာကို ကျင့်ကြံရေးတွက်မသင့်လျော်တဲ့မှားယွင်းတဲ့ဝိဉာဉ်မြစ်လို့ပြသစေတဲ့အရာက နေရာဦးသွားလို့ပဲ"

ရီရှီးချန်သည် "ကောင်းကင်မီးတောက်"ဆိုတဲ့စကားနှစ်လုံးကိုကြားပြီးတော့ အလိုလိုပဲ လက်ညိုးထိပ်က အနီမှတ်လေးကိုပွတ်သပ်လိုက်မိသည်။

သူငယ်ငယ်တုန်းက သူ့မိဘတွေကို ကောင်းကင်မီးတောက်က သေတဲ့ထိဝါးမျိုခဲ့ပြီး သူလည်း စိုးရိမ်ဖွယ်ဒဏ်ရာရရှိခဲ့သည်။ယောင်ပုသုကသာ သူ့ကိုကယ်တင်ပြီး ထျန်ကျန်းမန်ဂိုဏ်းမှာ ကျင့်ကြံဖို့ခေါ်လာတာဖြစ်သည်။ဒါက သူ့နှလုံးသားထဲက လျှို့ဝှက်စွာသိမ်းဆည်းထားတဲ့အနာတစ်ခုပင်။သူရဲ့ အကောင်းတကာ့အကောင်းဆုံးသူငယ်ချင်း ကျန်းစွင်းကျစ်ကျွင်းကလွဲပြီး ဘယ်သူကိုမှမပြောပြဘူးပေ။

သူက အတိတ်မှာရှင်သန်ဖို့ ဆန္ဒရှိသူမဟုတ်သောကြောင့်ဖြစ်သည်။
ကျန်းစွင်းကျစ်ကျွင်းရှေ့တောင်မှ သူ့ကို ဘာဖြစ်တာလဲဆိုပြီး အကြံအမျိုးမျိုးပေးနေလို့သာ။ကျစ်ကျွင်းကိုတောင် သူ့မိဘတွေကို နတ်ဆိုးတွေက ပူပေါင်းကြံစည်ပြီး ဖြစ်စဉ်လုပ်နေစဉ်သတ်ခဲ့တာလို့ ပြောထားတာဖြစ်သည်။သူတို့သေဆုံးမှုနဲ့ပတ်သက်ပြီး အချက်လက်အများကြီး မပြောခဲ့ပေ။
ထို့ကြောင့် သဘာဝကျကျပြောရရင် ကျန်းစွင်းကျစ်ကျွင်းလည်း ကောင်းကင်မီးတောက်စွမ်းရည်နဲ့မရင်းနှီးနေသင့်ဘူးမလား။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now