အခန်း(၇)

512 93 2
                                    

သုံးရက်ကြာပြီးနောက် ရီရှီးချန်နှင့်ကျန်းစွင်းကျစ်ကျွင်းတို့ မိုးတိမ်လွှာဓား‌တောင်မှဆင်းကာ ကျင်းကောဈေးသို့ချီတက်လာခဲ့ကြသည်။

ဓားရေးညီလာခံကျင်းပရန် ရက်နည်းနည်းသာ လိုတော့သည်ဖြစ်၍ ရီရှီးချန်တစ်ယောက် မှော်လက်နက်တစ်ချို့အားပြုလုပ်ရန် ဈေးသွားဖို့လိုနေပြီဖြစ်သည်။

ရီရှီးချန်နောက်မှလိုက်လာသော ကျန်းစွင်းကျစ်ကျွင်းကမူနည်းနည်းလေးစိတ်ဓာတ်ကျနေ၏။
ဤသုံးရက်အတွင်း သူ့အမြင်များမှန်ကန်ရန် ရီရှီးချန်က ပြုပြင်ပေးဖို့ ကြိုးစားနေခဲ့ပြီး....ဥပမာအားဖြင့် အမျိုးသားတွေက ကိုယ်ဝန်မဆောင်နိုင်ကြောင်းပြောတာမျိုးဖြစ်သည်။သူတို့က ဓမ္မတာမလာနိုင်ရုံသာမက ကညှာမြှေးလည်းမရှိကြ‌ပေ။ ဒီ 'လူပြိန်းသိ' အကြံဉာဏ်တွေအားလုံးကျန်းစွင်းကျစ်ကျွင်းရဲ့ဘဝအမြင်လေးကိုကြီးကြီးမားမားပြောင်းလဲဖို့တဲ့လေ!
(သူ့ဘဝအမြင်တွေကကို ကြီးကြီးမားမားပြောင်းလဲပြီးသားဆိုတာ ရီရှီးချန်က ပြောပြနေတာလေ)

သူကသာပြဿနာရှိတဲ့လူဆိုတာ ကျန်းစွင်းကျစ်ကျွင်းသိ‌ နေ၏။ထိုအကြောင်းကို အေးဆေးတည်ငြိမ်စွာ တွေးတောပြီးချိန်၌ ဒီဘဝအမြင်သစ်ကြီးကသာသူ့စိတ်ထဲရှိကမ္ဘာထဲမှ ထူးဆန်းသောအရာများထက်စာရင် ပိုပြီးကျိုးကြောင်း ဆီလျော်ကြောင်းနားလည်သွားခဲ့သည်။
လက်ရှိကမ္ဘာ‌တွင် နေထိုင်နိုင်ဖို့အတွက် ကျန်းစွင်းကျစ်ကျွင်းသည် ရီရှီးချန်ဆီမှ အမှားတွေကိုအမှန်ပြင်ပေးခြင်းနှင့် လောကကြီးအားပြန်အသားကျအောင်လုပ်ခြင်းတို့အား သင်ယူရပေသည်။

သိုရာတွင် ဒီခံစားကြီးက သိပ်တော့မကောင်း...

ကမ္ဘာနှစ်ခုကြား အများကြီးကွာခြားမှုရှိသော်လည်း တူညီ‌သော အရာများလည်းရှိပေသည်။

ဤသို့ဖြင့် ဘယ်ဟာကအမှန်ဖြစ်ပြီးဘယ်ဟာကအမှားဖြစ်သလဲဆိုတာ ခွဲခြားကြည့်ရန် သူ့အတွက်မူ အလွန်ခက်ခဲလှ၏။
ရီရှီးချန်ဆီမှ သုံးရက်တိုင်အောင် ဦးနှောက်ဆေးခံရပြီးနောက်မှာတော့ နည်းနည်းလေး စိတ်ဓာတ်ကျနေခဲ့သည်။ထို့ကြောင့် သူ ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချရန်
ခေတ္တနားချိန်အနေနဲ့ ရီရှီးချန်နှင့်အတူ အပြင်ထွက်လာခြင်းဖြစ်သည်။

Fanficထဲမှဇာတ်လိုက်ကြီး မူရင်းဝတ္ထုထဲသို့ကူးပြောင်းလာသောအခါဝယ်[Haitus]Where stories live. Discover now