Chapter -1(အတိတ်မေ့မယ် အတိတ်မေ့မယ်)

3.8K 514 17
                                    

Zawgyi

ဒီပါခေတ် စိတ်ကို ငြိမ်အောင်ထားလိုက်ပြီး အခန်းထဲက ပြက္ခဒိန်ကိုကြည့်လိုက်သည်၊

"2045!နှစ်နှစ်ဆယ်တောင် ခုန်ကူးသွားတာလားဟ!"

နေဦး အကောင်းတွေးရအောင်၊ပြက္ခဒိန်က မြန်မာလိုဖြစ်နေပုံရရင် သူကူးလာတဲ့နေရာက မြန်မာနိုင်ငံမှာဆိုတာ ပြောစရာမလိုပေ၊တော်သေးတယ် ပြောရမှာပဲလေ၊ အခြားနိုင်ငံကို သွားကူးမိရင် အဲ့က ဘာသာစကားပါ အချောင်သင်နေရဦးမယ် စာလုပ်ရမှာ အပျင်းဆုံးတော့ အဆိုးထဲရ အကောင်းလို့ ဆိုရမှာပဲလေ၊

ထိုချိန်မှာ တံခါးခေါက်သံကြားလိုက်ရပြီး ကောင်မလေးတစ်ယောက်အသံကိုပါ ကြားလိုက်ရတော့သည်။

"ကိုကိုလေး...အန်တီလေးက အောက်ခဏဆင်းခဲ့ပါအုံးတဲ့"

"ဟုတ်ပြီ ခဏနေ ဆင်းခဲ့မယ်" ဒီပါခေတ် လှမ်းပြောလိုက်ပြီးနောက်မှာ ခေါင်းကို ခပ်ကြမ်းကြမ်းကုတ်လိုက်တော့သည်၊

ဘယ်မှာလဲ မှတ်ဥာဏ်တွေ!!!!

ဘယ်လိုလုပ်ရမလဲ၊ဘာမှတ်ဥာဏ်မှ မဝင်လာဘဲနဲ့ ငါက ဘာလို့ဆက်ရှင်သန်ရမှာလဲဟ၊

ဒီပါခေတ် ပြောလည်းပြောရင်း အခန်းထဲကနေ ထွက်လာတော့သည်၊သူဟာ လှေကားထစ်နားထိ ပူပန်သောတဝေနေချိန်မှာ ခြေထောက်ဟာ လှေကားထစ်တစ်ထစ်ကိုကျော်သွားကာ လှေကားထစ်ကနေ ပြုတ်ကျသွားတော့သည်၊

ဇာတ်လမ်းတွေထဲကလို မင်းသားလေးက လာရောက်ဖမ်းယူလိမ့်မည်၊အဲ့လို မတွေးနဲ့၊ ဒီပါခေတ်ဟာ ဖမ်းမဲ့သူမရှိ၊ဆွဲမဲ့မရှိဘဲ လှေကားထစ်ကနေ တလိမ့်ထိုး ပြုတ်ကျသွားတော့သည်၊ဟုတ်ပါတယ်၊ဒီပါခေတ်ရဲ့လောကကြီးဟာ နောက်တစ်ကြိမ် ပြန်လည်မဲမှောင်သွားတော့သည်၊

ဘေးနားက ဆူညံသံတွေကြောင့် ဒီပါခေတ်မျက်လုံးကို ဖြေးညှင်းစွာဖွင့်လာတော့သည်၊စိုးရိမ်ပူပန်သောကများနေတဲ့အန်တီတစ်ယောက်ရဲ့မျက်နှာဟာ သူရှေ့ထင်ထင်ရှားရှားပေါ်လာပြီးနောက်မှာ ဒီပါခေတ် စိတ်ထဲမှာ သက်ပြင်းချလိုက်တော့သည်၊

သူရဲ့နေရာကို ပြန်မရောက်သွားသေးဘူးဘဲ၊

"သားလေး...အမေ့သားလေး အဆင်ပြေရဲ့လား ဆရာဝန်ရော! သားနိုးလာပြီလို့!" အန်တီကြီးအသံဟာ ကျယ်လောင်ပေမယ့် သူဈေးထဲမှာ ခဏခဏကြားရတဲ့ငါးစိမ်းသည်အန်တီကြီးတွေလို စူးရှမနေပေ၊ဒါပေမယ့် နားတော့ အသေအူဆဲပင်၊

Don't Run away!My little OmegaWhere stories live. Discover now