Chapter -11(ညဏ်ခေတ်တလွန်)

2.5K 403 27
                                    

Zawgyi

သုတမြဲတို့က အခြားသူတွေရဲ့ဝေဖန်စကားများကို ခံလိုက်ရပြီးနောက်မှာ နှောင်းတေးမာန်ကတော့ သူနဲ့မဆိုင်သလို ထိုနားကနေထွက်သွားတော့သည်၊ပြီးတော့ သုတမြဲတို့သာ ရှက်ကြောဘာမှန်းမသိသေးရင် သူ့ကို လာနှောင့်ယှက်မှာသေချာပေမယ့် ထိုနှစ်ယောက်က ရှက်တတ်သေးတာကြောင့် နှောင်းတေးမာန်နဲ့ဝေးဝေးသာနေတော့သည်၊

ထိုချိန်မှာ အသံအနည်းနည်းဆူညံ့လာပြီး လူတစ်ချို့က အပေါက်ဝကိုကြည့်နေတာမြင်တော့ နှောင်းတေးမာန်လည်း လိုက်လံကြည့်လိုက်သည်၊ပါတီထဲကို အရပ်မြင့်မြင့်နဲ့ယောကျာ်းတစ်ဦးဝင်လာသည်ကိုတွေ့လိုက်ရပြီး တစ်ချို့လူတွေကလည်း ထိုယောကျာ်းကိုဝန်းရံကာ မျက်နှာသာပေးနေတော့သည်၊

ထိုယောကျာ်းရဲ့မျက်နှာကို နှောင်းတေးမာန်မြင်ချိန်မှာ မအံ့သြပဲမနေနိုင်တော့ပေ၊ဒီnovelထဲမှာ ရှေးခေတ်အလင်္ကာရယ်၊သူ့အစ်ကိုလရိပ်စစ်မာန်တို့ထက် သာလွန်ပြီးချောတဲ့ယောကျာ်းမျိုးရှိမယ်မထင်ခဲ့ပေ၊ဒါပေမယ့် ထိုယောကျာ်းကိုမြင်ချိန်မှာ ထိုနှစ်​ယောက်ရဲ့ချောမောမှု စိန်နဲ့ရွှေလို ကွာခြားနေသလိုပင်၊

ထိုယောကျာ်းကိုမြင်ပြီးနောက်မှာ ချောမောခန့်ညားပါတယ်ဆိုတဲ့ ရှေးခေတ်အလင်္ကာကိုတောင် ပြစ်ချက်တွေနဲ့မြင်လာတော့သည်၊

"ဦးညဏ်ခေတ်တလွန်ပဲ! သူက သိပ်ချောတာပဲ!" ဘေးနားကလူတွေရဲ့စကားသံကြောင့် နှောင်းတေးမာန်လည်း ညဏ်ခေတ်တလွန်ဆိုတဲ့သူဟာ ထိုယောကျာ်းမှန်းသိသွားပြီး စိတ်ထဲအနည်းငယ်နှမြောမိသွားသည်၊ဒီလိုချောမောခန့်ညားတဲ့သူက နောက်သုံးနှစ်အကြာမှာ ဘဝကံဆိုးမှုတွေကြုံတွေ့ရတော့မှာပဲ၊

"အငယ်လေး သူ့ကို စိတ်မဝင်စားမိစေနဲ့" နှောင်းတေးမာန်ရဲ့အစ်ကို လရိပ်စစ်မာန်သတိစကားကြောင့် ​နှောင်းတေးမာန်ဟာ နားမလည်စွာမော့ကြည့်လိုက်သည်၊လရိပ်စစ်မာန်ကလည်း နှောင်းတေးမာန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်၊

"ညဏ်ခေတ်တလွန်က ပွေရှုပ်လွန်းအားကြီးတယ်...သူနဲ့သတင်းမထွက်ဖူးတဲ့အိုမီဂါအနုပညာဆိုတာ ခပ်ရှားရှားပဲ"

Don't Run away!My little OmegaWhere stories live. Discover now