Chapter -9 (သူရဲကောင်းအတွဲတဲ့လား ဟ!)

2.2K 387 12
                                    

Zawgyi

နောက်တစ်နေ့မှာတော့ ကျောင်းဖိုရမ်ဟာ နှောင်းတေးမာန်သတင်းဟာ ခေါင်းကြီးပိုင်းမှာပါလာတော့သည်၊တစ်ချို့လူတွေဟာ နှောင်းတေးမာန်အရည်အချင်းကို မယုံကြည်ချင်ကြပေ၊ဘာကြောင့်လဲဆိုတော့ အရင်ကလည်း နှောင်းတေးမာန်ဟာ ထိုလိုပွဲမျိုးမှာ ဝင်ပါဖူးပေမယ့် ဒီလိုရလဒ်မျိုးမဟုတ်ခဲ့ပေ၊

အခုမှ နှောင်းတေးမာန်ကို သိတဲ့သူတွေကတော့ နှောင်းတေးမာန်ရဲ့အရည်အချင်းကို အသိအမှတ်ပြုကြတော့သည်၊ဘယ်လိုဖြစ်ပါစေ အွန်လိုင်းဆိုတာဟာ ကိုယ့်ကို လက်ခံသူရှိသလို ကိုယ့်ကို ဝေဖန်သူတွေဟာလည်း ရှိစမြဲကိုး၊

တေးမာန်အိမ်တော်ထဲမှာတော့ မိသားစုနှစ်စုဟာ တင်းကြပ်လှတဲ့လေထုထဲမှာတည်ရှိနေတော့သည်၊

"အစ်ကိုကုသိုလ်မာန်က တကယ်ပဲ စေ့စပ်ပွဲကို ဖျက်သိမ်းချင်တာလား" တစ်ဖက်က အသက်လေးဆယ်အရွယ်လူရွယ်တစ်ယောက်ဟာ လက်မခံနိုင်တဲ့လေသံမျိုးနဲ့ပြောလာတော့သည်၊ကုသိုလ်မာန်ဟာ ထိုလူရွယ်ကိုကြည့်လိုက်ပြီး ဓာတ်ပုံတစ်ချို့ကို ပစ်ပေးလိုက်သည်၊

"ခေတ်မင်းနှောင်! မင်းက ငါတို့အိမ်တော်ကို ဘာမှတ်နေလဲ ကြည့်စမ်း! မင်းသားက ငါတို့ကလေးကို အရုပ်များမှတ်နေလား" ဦးကုသိုလ်မာန်ဟာ ဒေါသတကြီးပြောဆိုချိန်မှာ ဒေါ်လရိပ်တေးဟာ ဦးကုသိုလ်မာန်ရဲ့လက်မောင်းကိုကိုင်လိုက်ပြီး စိတ်လျော့ရန်ပြောဆိုနေတော့သည်၊ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ထိုဓာတ်ပုံတွေကို မြင်ပြီးနောက်မှာ စိတ်ကို အတော်လျော့ချထားခြင်းဖြစ်သည်၊

ဦးခေတ်မင်းနှောင်ဟာ ပုံတွေကို ယူကြည့်ရင်း အံ့အားသင့်သွားတော့သည်၊ထိုနောက်မှာ သူ့သားကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်၊

"မင်း! ရှေးခေတ်အလင်္ကာ ဒါ ဘယ်လိုအရှက်ရစရာလဲဟ! "

ဦးခေတ်မင်းနှောင်ဟာ ဓာတ်ပုံတွေကို သူ့သားဆီပစ်ပေးလိုက်သည်၊ရှေးခေတ်အလင်္ကာဟာ ပုံတွေကိုကြည့်ရင်း အနည်းငယ်တော့ အံအောသွားတာအမှန်ပေ၊သူဟာ ဘယ်သူမှမသိအောင် တိုးတိုးတိတ်တိတ်လုပ်ခဲ့ပေမယ့် ဒီလိုပုံတွေကို တေးမာန်မောင်နှမဟာရရှိခဲ့မှန်းမသိခဲ့ပေ၊

Don't Run away!My little OmegaWhere stories live. Discover now