Zawgyi
"ကျွန်တော်ကြောင့် ဦးညဏ်ကို မျက်နှာပျက်စေပြီ..." နှောင်းတေးမာန်က ညဏ်ခေတ်တလွန်ကို အားနာတဲ့လေသံဖြင့်ပြောလိုက်သည်၊ညဏ်ခေတ်တလွန်က နူတ်ခမ်းထောင့်များကွေးတက်သွားပြီး သူက နှောင်းတေးမာန်ရဲ့ပါးလေးကို သူ့လက်ဖြင့်ဖွဖွလေးပွတ်လိုက်သည်၊
"ဒါက ကိစ္စသေးသေးလေးပါ နှောင်း"
"ကိုယ်သိချင်တာက အခု ကိုယ်တို့က တရားဝင်စုံတွဲဖြစ်သွားပြီလား" ညဏ်ခေတ်တလွန်က စိတ်လှုပ်ရှားတဲ့အမူအရာဖြင့် နှောင်းတေးမာန်ကိုကြည့်ရင်းမေးလိုက်သည်
နှောင်းတေးမာန်က ရီလိုက်ပြီးနောက်မှာ ညဏ်ခေတ်တလွန်ကို ကြည့်လိုက်သည်၊
"ဦးညဏ်ကို နှောင်းမချစ်သေးဘူး ဒါပေမယ့် အခွင့်အရေးတော့ပေးချင်တယ် နှောင်းက ကောင်းတဲ့သူတစ်ယောက်မဟုတ်ဘူးနော်"
နှောင်းတေးမာန်က ညဏ်ခေတ်တလွန်ကို ပွင့်လင်းစွာပြောလိုက်သည်၊ဒီပါခေတ် လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ မသေချာပေ၊ ၇နှစ်လောက်ရှိတဲ့ချစ်သူသက်တမ်းကြောင့် ရူးမတက်နာကျင်ဖူးသည်၊ဒါကြောင့် လူတစ်ယောက်ကို မျက်စိစုံလုံးမှိတ် ထပ်မချစ်ရဲသေးပေ၊
"ကိုယ့်ကို အခွင့်အရေးပေးရုံနဲ့ တော်ပါပြီ" ညဏ်ခေတ်တလွန်က နှောင်းတေးမာန်ရဲ့နဖူးလေးကို ငုံ့နမ်းလိုက်သည်၊ထိုချိန်မှာပဲ ကျယ်လောင်တဲ့ယောက်ျားလေးအော်သံကြောင့် သက်သောင့်သက်သာဖြစ်နေတဲ့လေထုလေးက ပျက်စီးသွားပြီး နှောင်းတေးမာန်တို့အတွဲကို ကြည့်ကာ ကြည်နူးနေတဲ့ဖြတ်သွားဖြတ်လာတွေတောင် အသံကြောင့် လန့်ဖြန့်သွားတော့သည်၊
လူတိုင်းက ရုတ်တရက်အော်လာတဲ့လူငယ်ဘက်ကို လှမ်းကြည့်ကာ မျက်နှာအမူအရာတွေကထူးဆန်းသွားတော့သည်၊ရုတ်တရက်ထအော်တဲ့သူက အခြားသူမဟုတ်ပဲ သုတမြဲဖြစ်ပြီး အနားရှိရှေးခေတ်အင်္လကာပင် မျက်နှာမှောင်ကြုတ်သွားသည်၊
နှောင်းတေးမာန်ကလည်း ညဏ်ခေတ်တလွန်ရဲ့လက်နွေးနွေးကြီးထဲ သူ့လက်လေးထည့်လိုက်ပြီး သုတမြဲတို့ဘက်ကိုလှည့်ကြည့်လိုက်သည်၊ဒါပေမယ့် နှောင်းတေးမာန်တို့ဘက်က ဘာမှမပြောသေးချိန်မှာပဲ သုတမြဲဘက်က ဦးစွာမေးမြန်းလာတော့သည်၊