Chapter -13

2.6K 340 33
                                    

Zawgyi

နောက်တစ်နေ့ရောက်တဲ့အချိန်မှာတော့ သူရဲ့ဖုန်းကနေ notiတက်လာတာကို နှောင်းတေးမာန်သတိထားမိလိုက်သည်၊ဒါကြောင့် စားပွဲတင်နာရီကိုလှမ်းကြည့်လိုက်ချိန်မှာ ခုနှစ်နာရီသာရှိသေးကိုမြင်တော့ မျက်မှောင်ကြုတ်မိလိုက်သည်၊

'ဒီအချိန်ကြီး ဘယ်ကောင် messageတွေ လာပို့နေတာလဲဟ'

မနေ့က စိတ်ရှုပ်တာကြောင့် သူဖုန်းပိတ်လိုက်ပြီး အိမ်မှာနေကာ ဇာတ်ကားကြည့်လိုက် စာဖတ်လိုက်လုပ်နေခဲ့ပြီးနောက်မှာ ပျင်းပျင်းရိရိနဲ့ဂိမ်းဆော့ခဲ့သည်၊နောက်တော့ ဂိမ်းဆော့နေရင်း အိပ်ပျော်သွားပုံရသည်၊

လိုင်းမပိတ်မိခဲ့တာကြောင့် သူ့ရဲ့လိုင်းအကောင့်ကနေ  messageတွေ ဝင်လာခြင်းဖြစ်သည်၊နှောင်းဆေးမာန်  အပျင်းကြောဆွဲလိုက်ပြီးနောက်မှာ messageတွေကို ဝင်ဖတ်လိုက်တော့ gc(အဖွဲ့လိုက်စကားပြောတဲ့နေရာ)တစ်ခုကနေ ဖြစ်နေတော့သည်၊

တစ်ချို့က သူ့ကို မန်ရှင်းခေါ်ထားပြီး သုတမြဲအကြောင်းတွေပြောနေပုံရသည်၊သူတို့ပြောထားတဲ့ပုံတွေက သုတမြဲရဲ့မကောင်းကြောင်းတွေကိုသာဖြစ်ပေမယ့် သူ့ကိုလည်း မသိမသာလှောင်ပြောနေပုံရသည်၊ဒီပါခေတ်က ထိုလိုအကြောင်းအရာတွေကို မရိပ်မိစရာအကြောင်းမရှိပေ၊

ဒီgcထဲက အများစုက အိုမီဂါအများစုနဲ့ဘီတာအနည်းစုသာဖွဲ့ထားပြီး သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူသာကြောင်းပြိုင်လေ့ရှိသည်၊ဒါပေမယ့် သူတို့က အကျင့်ကောင်းမွန်တဲ့သူတွေဖြစ်တာကြောင့် အငြိုးထားတတ်လေ့တော့မရှိပေ၊

နှောင်းတေးမာန်ဆိုတာ တေးမာန်မိသားစုရဲ့အငယ်ဆုံး၊အချစ်ဆုံးခံရတဲ့သခင်လေးဖြစ်တဲ့အပြင် လှပတဲ့ရုပ်ရည်လေးကိုပါ ပိုင်ဆိုင်ထားသေးသည်မလား၊ဒါအပြင် လိုင်းပေါ်မှာ ခေတ်စားကာနာမည်ကြီးလာတဲ့နှောင်းတေးမာန်ကို တချို့သောအိုမီဂါတွေက မနာလိုအားကျကြပေမယ့် မုန်းတီးတဲ့သူတွေတော့မရှိပေ၊

နှောင်းတေးမာန်က gcရဲ့ခေါင်းစဉ်ကိုကြည့်ရင်း တစ်ခုခုသတိရသွားသလိုခံစားရသည်၊ Novelထဲမှာ သုတမြဲကို လူသိများစေတဲ့အချက်တစ်ချက်ရှိသေးသည်၊အဲ့တာက အိုမီဂါနဲ့ဘီတာအများစုက သူ့ကို ဝိုင်းအနိုင်ကျင့်နေတဲ့အကြောင်းဖြစ်ပြီး နောက်ကွယ်မှာ မကောင်းသတင်းတွေထုတ်လွင့်နေတဲ့ဆိုတာဖြစ်ပြီး ပိုပြီးနာမည်ကြီးသွားရတာ နှောင်းတေးမာန်ဆိုတဲ့ဇာတ်ကောင်ကြောင့်ဖြစ်သည်၊

Don't Run away!My little OmegaWhere stories live. Discover now