Chapter -10

2.5K 411 22
                                    

Zawgyi

နှောင်းတေးမာန်ရဲ့ပိုစ့်ဟာ ချက်ချင်းပင် ရှာဖွေမှုစာရင်းရဲ့ Top-3ထိ ရောက်သွားတော့သည်၊ပထမက လူတွေဟာ ရှေးခေတ်အလင်္ကာနဲ့သုတမြဲရဲ့အချစ်ကို အလွန်တရာလေးစားနေချိန်မှာ နှောင်းတေးမာန်ရဲ့ပိုစ့်ကြောင့် အမြင်တစ်မျိုးမြင်လာတော့သည်၊

သူတို့က ဘယ်လောက်ပဲ ချစ်နေပါစေ သုတမြဲဟာ ရှေးခေတ်အလင်္ကာနဲ့နှောင်းတေးမာန်စေ့စပ်ထားသည်ကို သိရဲ့နဲ့ သူများရဲ့လူကို ပေါ်တင်ဝင်လုခဲ့ခြင်းဖြစ်သည်၊ဒါဟာ အတော်များများက လက်မခံကြပေ၊သူတို့က တစ်ဖက်ကစေ့စပ်ထားတဲ့သူကို လုံးဝ ဂရုမစိုက်ခဲ့သလို သုတမြဲဟာလည်း ခင်ပွန်းလောင်းရှိမှန်းသိရဲ့နဲ့ မြူစွယ်ခဲ့တာကြောင့် အွန်လိုင်းသုံးတဲ့သူတော်တော်များများ ပြင်းထန်စွာ ဝေဖန်ကဲ့ရဲ့ရှုံ့ချခဲ့သည်၊

သုတမြဲရဲ့ပရိတ်သတ်တွေကတော့ သုတမြဲဘက်ကနေ ကာကွယ်နေစဲပင်၊သုတမြဲကလည်း သူရဲ့ကိုယ်ပိုင်အကောင့်မှာ သူရဲ့လုပ်ရပ်ဟာ မှားယွင်းနေခဲ့ရင်တောင် သူရဲ့အချစ်ဟာ ဖြူစင်ကြောင်းနဲ့ ရှေးခေတ်အလင်္ကာက ဆင်းရဲပြီး ရုပ်ဆိုးနေရင်တောင် သူဟာလက်တွဲမဖြုတ်ဘဲ ဆက်လက်ချစ်မည်ဖြစ်ကြောင်း တင်လိုက်တော့သည်၊

နှောင်းတေးမာန်ဟာ သုတမြဲပိုစ့်ကို ကြည့်ကာ ရယ်လိုက်သည်၊ ရှေးခေတ်အလင်္ကာနဲ့သုတမြဲရဲ့ဆက်နွယ်မှုကို နှောင်းတေးမာန်စိတ်မဝင်စားပင်၊သူပိုစ့်တင်ရတာကလဲ သိပ်ကိုဖြူစင်လှပါတယ်ဆိုတဲ့သုတမြဲဟာ လူတိုင်းထင်သလို မရိုးစင်းကြောင်းပြသရုံပင်၊

ထိုနောက်မှာ နှောင်းတေးမာန်ဟာ သူ့မိဘတွေဟာ စိတ်ဖြေလက်ပျောက်ဖြစ်စေရန် ပါတီတချို့ကို တက်ရန်ပြောလာတော့သည်၊ပုံမှန်ဆိုရင် နှောင်းတေးမာန်ဟာ ငြင်းဆိုမည်ဖြစ်သော်လည်း အနုပညာရှင်များလည်း တက်ရောက်ခွင့်ရှိသည်ကို သိလိုက်ရတော့ သူဟာ မင်းသားချောချောလေးတွေကို သွားငေးမောကြည့်ချင်တာကြောင့် လက်ခံလိုက်သည်၊

ဒါပေမယ့် သူမိဘတွေက စိတ်မချတာကြောင့် သူ့အစ်ကိုနဲ့သာ သွားခိုင်းသည်၊ခေတ်မှီတဲ့ပါတီဆိုသည့်အတိုင်း နှောင်းတေးမာန်ရောက်သွားသည်နဲ့ ခမ်းနားလှတဲ့မြင်ကွင်းဟာ စီးကြိုနေတော့သည်၊တေးမာန်မိသားစုဟာ ချမ်းသာလှတဲ့လူကုံထံအသိုင်းအဝိုင်းကဖြစ်တာကြောင့် လရိပ်စစ်မာန်ကို မြင်သည်နဲ့ စီးပွားရေးရှင်များဟာ အနားကပ်လာကာ စကားဖောင်ဖွဲ့လာတော့သည်၊ဒါကြောင့် နှောင်းတေးမာန်ဟာလည်း ထွေထွေထူးထူးလုပ်စရာမရှိတာကြောင့် ပွဲတက်လာတဲ့မင်းသား၊မင်းသမီးတွေကိုသာ ငေးနေတော့သည်၊

Don't Run away!My little OmegaWhere stories live. Discover now