Chapter-17

751 156 2
                                    

Zawgyi

[အိုမီဂါဖြစ်ချင်သူလေးTT: စီးပွားရေးအရယူကြတာနေမှာပေါ့ ဘာများအထင်ကြီးစရာကောင်းနေလို့လဲ ရှေးခေတ်အလင်္ကာနဲ့သုတမြဲကမှ အချစ်စစ်တာ]

[တေးမာန်အိမ်တော်ရဲ့အလှလေး:အငုံစိတ်လေးနဲ့နော် မဆိုးပါဘူး]

[letmeblowyoualphakoko: ခွီးးးးးး ဆောတီးနော် ရယ်ချင်လို့]

[ကျွန်တော့်လောင်ကုန်းကတရုတ်မှာပါဗျ: သူတို့ဘာသာ ဘယ်လိုယူယူပေါ့၊ မင်းတောင် ဦးညဏ်ခေတ်တလွန်ကို ယူနိုင်လို့လား...]

[ဘေးအိမ်ကအစ်ကိုကြီးကိုငါယူမယ်: ယူနိုင်လို့လားမမေးရဘူး အပြင်မှာဆုံဖူးရဲ့လားပဲမေးရမှာပါနော်]

[အိုမီဂါဖြစ်ချင်သူလေးTT:ငါက မရည်ရွယ်ပဲပြောမိတာပါ...ငါ့အမြင်မှာ ရှေးခေတ်အင်္လကာနဲ့သုတမြဲတို့က ပိုအချစ်စစ်နေတာပဲလေ]

[ဘေးအိမ်ကအစ်ကိုကြီးကိုငါယူမယ်: တစ်နေ့ကပြောတော့ 'ငါက သုတမြဲဘက်ကမဟုတ်ဘူး'ဆို အခုတော့ နှောင်းတေးမာန်က ညဏ်ခေတ်တလွန်နဲ့တွဲကြောင်း ပိုစ့်မြင်တော့ အချစ်စစ်မဟုတ်ဘူးပြောလာရော...ထူးဆန်းတယ်နော် ညီလေး]

[တေးမာန်မိသားစုရဲ့အလှလေး: တွဲတဲ့အဆင့်မဟုတ်သေးပါဘူး ငါ့ကို လိုက်ပိုးပန်းတဲ့အဆင့်ပဲရှိပါသေးတယ်]

သုတမြဲက နှောင်းတေးမာန်ရဲ့စကားကြောင့် ဖုန်းကိုကျစ်ကျစ်မြည်အောင်ဆုပ်ကိုင်လိုက်ပြီး အောက်နူတ်ခမ်းကို သွေးထွက်တဲ့အထိပေါက်အောင်ကိုက်မိလိုက်သည်၊ပိုးပန်းတယ်...ဒီစကားလုံးက သူအလိုချင်ဆုံးပင်၊

ရှေးခေတ်အလင်္ကာကို မြူစွယ်ဖို့ တစ်ဖက်လူရဲ့ပိုးပန်းမှုတွေကိုတောင် သူမစောင့်ပါပဲ ရှေးခေတ်အလင်္ကာအိပ်ယာထဲကို သူတက်ခဲ့သည်၊နှောင်းတေးမာန်ကို စိတ်ပြန်ပါသွားမှာ ကြောက်စိတ်ဖြင့် ရှေးဘက်က သူမှသူပဲဖြစ်အောင် နည်းမျိုးစုံနဲ့ဖြားယောင်းခဲ့သည်၊ဒါပေမယ့် ရှေးဆီကနေ ပိုးပန်းတာမျိုးကို သုတမြဲမခံခဲ့ရဖူးပေ၊

သူတို့နှစ်ဦးက ချစ်သူမဟုတ်၊သူငယ်ချင်းမဟုတ်ကြားမှာ တည်ရှိခဲ့ပေမယ့် အခြားသူတွေအားကျလောက်တဲ့အထိ ရှေးဆီကနေ သုတမြဲပိုးပန်းမခံရဖူးပေ၊ဒါကြောင့် နှောင်းတေးမာန်စကားတွေကို မြင်တော့ ထိန်းမရအောင် စိတ်တိုလာတော့သည်၊

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

Don't Run away!My little OmegaWhere stories live. Discover now