Boyfriend is Jeon Guggie

3.9K 345 119
                                    

(UNICODE)

(JEON GUGGIE )

မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို သိပ်ချစ်ရပါသည်။ပြုံး၍ကြည့်နေတတ်တဲ့ အကြင်နာမျက်ဝန်းတစ်စုံအောက် ကျွန်တော်ဟာအချစ်မိုးမိသူပမာ ...။ကော့ညွှတ်ထားတတ်တဲ့နှုတ်ခမ်းပါးလေးကို ရင်ခုန်ရတယ်။

နှာခေါင်းလုံးလုံးလေးထက်က မှဲ့ကလေးဟာတော့ ကျွန်တော့်၏ရင်ခုန်သံအစ မှီတင်းရာပါပေတည်း။နှုတ်ခမ်းပါးအောက်ရှိမှဲ့နက်ကလေးကိုလည်း သိပ်သိပ်မြတ်နိုးခဲ့မိပြီ။
ထိုအချစ်ဟာ အသံမပြုမပါဘဲနဲ့ရင်ထဲထိ တိုးဝှေ့လာခဲ့ရင်း နှလုံးသားရဲ့အချက်ပေးသံကိုလည်း လျစ်လျူရှု့မထားနိုင်ခဲ့ပါ။

ဂျွန်ဂုဂီ ကို လိုချင်တယ်။ကိုယ့်အပိုင်အဖြစ်နဲ့ တံဆိပ်ခတ်ထားလိုက်ချင်ပါရဲ့။နေပေးနိုင်ပါ့မလား ကိုယ့်ချစ်သူအဖြစ်နဲ့ ။အချစ်ချင်းတူရင် တိုက်စားပေးပါ့မယ် ~အဆုံးအဆမဲ့ကိုယ့်အချစ်တွေနဲ့ပေါ့။

​ေမြပျော့ရင် ခြေရာတင်ကျန်လေသတဲ့...။

​​​ေရှးလူကြီးတစ်ချို့က ဒီစကား၏အဓိပ္ပာယ်အား မည်သို့ဆိုလိုရင်းဖွင့်ခဲ့ကြလေသလဲတော့ ကျွန်တော်ဖြင့် တကယ်ကိုမသိပါဘူး။
သို့သော်!ကျွန်တော်အတွက်ကတော့ ဂျွန်ဂုဂီဟာ နုန်းမြေပျော့ပျော့လေးနဲ့သိပ်တူလှပါတယ်။
​​​​
သူ့နှလုံးသားနယ်မြေပျော့ပျော့လေးမှာ
ကျွန်တော့်ရဲ့ခြေရာထင်းထင်းတွေ စွဲကျန်ရစ်ခဲ့ရသလိုမျိုးပေါ့။တစ်ခါတစ်လေမှာဆို အချစ်ပုံပြင်တစ်ချို့ဟာ ဇာတ်သိမ်းခန်းတွေလှပရလိမ့်မယ်လို့ တစ်ထစ်ချယုံကြည်ထားခဲ့ကြသည့်တိုင် လွဲမှားစွာနဲ့ပဲ မလှပနိုင်ခဲ့တာတွေလည်းရှိခဲ့ဖူးကြ၏။...

တစ်ချို့သော အချစ်ပုံပြင်လေးတွေကတော့ ဇာတ်စကတည်းကပင် မှားမှားယွင်းယွင်းနဲ့ပဲ
မလှမပပွဲဦးထွက်ခွင့်ရသော်ငြား ရင်မှာကြည်နူးမှုလှိုင်းလေးတွေကိုတော့ ပိုက်ထွေးအပ်ခွင့်ရခဲ့ကြပါသည်။

ကျွန်တော့်အတွက်တော့ အချစ်ပုံပြင်တစ်ခုဟာ ဂျွန်ဂုဂီနဲ့စခွင့်မရခဲ့ပေမယ့်လည်း သူနဲ့သာဇာတ်သိမ်းသွားချင်ခဲ့ရတာမျိုးပေါ့။
ဂျွန်ဂုဂီဟာ သိပ်နူးညံလွန်းတဲ့မြေနုန်းသားလေးတစ်ခုဆို ကျွန်တော်ဟာသူထံပါးတွင်သာ ခစားချင်တဲ့ ရွှံစေးမြေလေးပဲဖြစ်ချင်ခဲ့ပါတယ်။

(OS Collection)Where stories live. Discover now