REPLAY

1K 125 35
                                    

( Unicode Version )

( Replay )

တိတ်တိတ်ဆိတ်ဆိတ်တက္ကသိုလ်ဝန်းလမ်းလေးထဲ Skate Board၏ဘီးလှိမ့်သံဖြင့်သာ ဆူညံ့နေတော့သည်။Stake Boardပြားကို ကျွမ်းကျွမ်းကျင်ကျင်ကစားနေသည့်လူမှာဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ဦးသာ။

တီ...!။
ဘုန်း။

* အား! *

ကားဟွန်းသံနှင့်အတူ လူတစ်ယောက်ချော်လဲတဲ့ဆီကနေ အာမေဋိတ်သံစုံပလုံစိက ရှေ့ဆင့်နောက်ဆင့်ထွက်လာလေသည်။

ခြေထောက်နှင့်မိမိရရထိန်းချုပ်နေသည့်ကြားကနေ Boardပြားဟာ ချော်ထွက်သွားပြီး လူသည်လည်း ဖင်ထိုင်ရက်လဲကျသည်။
ပလက်ဖောင်းတစ်ဖက်ခြမ်းရဲ့သံမာတလင်းပေါ် ကားယားကြီးလဲကျသွားတဲ့Skater Boyလေးမှာ မျက်နှာတစ်ခုလုံးရှုံ့မဲ့နေ၏။

တံတောင်ဆစ်နဲ့လက်ဖဝါးပြင်မှ ဆစ်ခနဲခံစားလိုက်ရသည်မို့ ပွန်းသွားပြီထင်သည်။ပွန်းပဲ့ဒဏ်ရာကြောင့် သွေးစို့သွားသည့်နေရာမှန်သမျှကို လေနဲ့လိုက်မှုတ်နေလိုက်၏။မျက်နှာကတော့ သုန်မှုန်နေဆဲပါ။

ထိုအခိုက် ပါကင်ထိုးပြီးသွားပုံရသော အဖြူသန့်သန့် Lamborghiniကားလေးထဲကနေ
လူငယ်အမျိုးသားတစ်ယောက်ဆင်းလာသည်။ပြီးတော့ ရှုံ့မဲ့နေတဲ့လမ်းဘေးက Skater Boyလေးထံ သူလျှောက်သွားသည်။

* အဆင်ပြေလား *

* အဆင်ပြေတဲ့ပုံစံ ပေါက်နေလို့လား။ခင်ဗျားခံကြည့်လိုက်လေ။ဒါဆို သိရမှာပေါ့ *

မျက်နှာကိုလုံးဝမော့မလာဘဲ သူ့ဒဏ်ရာကိုသာ သည်းကြီးမည်းကြီးငုံ့ကြည့်နေတာကြောင့် တစ်ဖက်လူမှာ တော်တော်လေးစိတ်ပျက်သွားရသည်။အကောင်းနဲ့မေးတာကို ရန်တွေ့ခံလိုက်ရ၍လည်းပါမည်။

တည်းမာနေသောမျက်နှာထားနဲ့လှည့်ထွက်သွားလေတော့သည်။စိတ်အပျက်ဆုံးက ဒီလိုဂျစ်ကန်ကန်ကလေးတွေကိုပဲ။ရိုသေမှုမရှိ၊
ယဥ္ကျေးမှုမရှိ ဂါဝရတရားကိုနားမလည်တဲ့လူတွေဆို ပါ့ခ်ဂျီမင်းကလည်းဟင့်အင်းပဲ။

* ဟိတ်လူ!အဲ့ဒါဘယ်လဲ ခင်ဗျားကြောင့်ဖြစ်တာကို တာဝန်မယူဘူးလား *

(OS Collection)Where stories live. Discover now