Plot Twist-1

346 31 0
                                    

( Unicode Version )

( Plot Twist-1 )

* အရာရှိပါ့ခ်ဂျီမင်နဲ့ အကျဥ်းသားဂျွန်ဂျောင်ကုတို့ကိုအခုပဲဖမ်းဝရမ်းထုတ်လိုက်ပြီ *

အခန်း၏ကြမ်းခင်းထက်ဝယ် သော့ဖြုတ်ခြင်းခံထားရသောလက်ထိပ်တစ်စုံရှိခဲ့သည်။

* * * * * * * * * * * * * * * * * * * * * * * *

လွန်ခဲ့သော(၅)လခန့်က..........။

ဒီ(သည်)အင်တာဗျူးကို သူအောင်မှဖြစ်မယ်။ဒီအလုပ်ကိုလည်း သူရမှ ဖြစ်မယ်။
မကြားဖူးတဲ့နာမည်စဥ်တွေကို တစ်ယောက်စီခေါ်သွားတိုင်းမှာ သူ့နံဘေးနားကအမျိုးသမီးတွေသည် ချက်ချင်းထလိုက်သွားကြရသည်။

သူလက်ထဲက ကိုယ်ရေးအချက်အလက်ဖိုင်တွဲကိုဆုပ်ကိုင်ထားလိုက်မိပြီး ရင်ခုန်သံတွေကိုအရှိန်လျှော့ထားလိုက်ရ၏။အလုပ်လျှောက်သူတွေထဲ ယောကျာ်းလေးဆိုလို့
သူတစ်ယောက်တည်းသာရှိနေလေ၍ အမျိုးသမီးအချို့က ငဲ့ကြည့်စောင်းကြည့်လုပ်နေကြသေးသည်။

ကြည့်ရင်လည်းခံရမှာပဲ။ဘာကြောင့်ဆို
ဒီမှာရှိတဲ့လူတွေအားလုံးလိုချင်နေကြတဲ့အလုပ်ဟာ ကလေးတစ်ယောက်ကိုထိန်းကျောင်းပေးရမယ့်အလုပ်ဖြစ်ပြီး များသောအားဖြင့် ဒီအလုပ်ကိုလုပ်နိုင်ကြတာကလည်းအမျိုးသမီးတွေပါပဲ။

ကလေးထိန်းတစ်ယောက်ကိုပေးတဲ့လစာက
သာမန်ရုံးဝန်ထမ်းတစ်ယောက်ရဲ့သုံးလစာ သို့တည်းမဟုတ် အတွင်းရေးမှူးတစ်ယောက်ရဲ့တစ်လစာနဲ့ညီမျှနေသည်မို့ ယခုခေါ်ဆိုသောကလေးထိန်းအလုပ်ကို လုပ်ချင်သူတွေမှအများသားရယ်။

ထိုလူတွေအထဲ ပါ့ခ်ဂျီမင်းဖြစ်တဲ့ သူကိုယ်တိုင်လည်းထိပ်ဆုံးကပါဝင်နေသည်။

* ပါ့ခ်ဂျီမင်း ဝင်လို့ရပါပြီ *

လာခေါ်သော အမျိုးသမီးဝန်ထမ်းနဲ့အတူ ခမ်းနားလှသည့်အခန်းကျယ်တစ်ခုအတွင်း
သူလိုက်သွားရသည်။ရွှေအဆင်းခြယ်မှုန်းထားလေသည့် အခန်း၏အပြင်အဆင်ကိုမျက်လုံးဝေ့ကြည့်လိုက်တဲ့အခါ ဘယ်ကမှန်းမသိသောအရှိန်အဝါတစ်ခုကိုခံစားလိုက်ရ၏။

ဝန်ထမ်းမိန်းကလေးညွှန်ပြရာနောက်လိုက်သွားရင်းအခန်းကျယ်ရဲ့အဆုံးမှာတော့ ကျွန်းညိုစားပွဲကြီးတစ်လုံးခင်းကျင်းထားသည်ကိုမြင်တွေ့လိုက်ရပြီး ဤစားပွဲရဲ့တစ်ဖက်ထိပ်မှာတော့ ဂုဏ်ကျက်သရေရှိရိှအမျိုးသမီးကြီးတစ်ဦးက ထိုင်နေလေသည်။

(OS Collection)Where stories live. Discover now