ရှိသည်..ဖြစ်သည်.. ချစ်သည်

475 54 3
                                    

( Unicode Version )

( ရှိသည်..ဖြစ်သည်..ချစ်သည် )

ရှိသည် ဖြစ်သည်
အချစ်က အရာရာဖန်ဆင်းသည်
ထပ်တူ ချစ်သည်
မျက်စိမှိတ်ကာ ယုံတော့မည်။.....

Passwordကိုရိုက်ထည့်ပြီး အိမ်တံခါးကို
တွန်းဖွင့်လိုက်သည်နှင့် ဖိနပ်စင်ပေါ်မှာတင်ထားသည့် ဖိနပ်သေးသေးလေးကိုမြင်လိုက်ရတာကြောင့် ပါးလျလျနှုတ်ခမ်းတစ်စုံဟာအလိုအလျောက် ပြုံးသွားရသည်။

အခန်းတွင်းတိတ်တိတ်ဆိတ်ဆိတ်ရှိနေမှုကို
သူတစ်ခဏအကဲခတ်လိုက်ပြီးနောက် ဧည့်ခန်းကိုဖြတ်လျှောက်သွားကာ သူ့အခန်းရှိရာဆီကိုတန်းတန်းမတ်မတ်ဝင်သွားလေသည်။နူးညံသောခြေသံတစ်စုံဟာ လေပြည်တွေတိုက်ခိုက်သွားတိုင်းတစ်ရှပ်ရှပ်ဖြင့်...။

* ဟက်...! *

သူ့ခုတင်ပေါ်မှာ တစ်ခြမ်းလေးစောင်းပြီးကွေးကွေးလေးအိပ်နေတာလေးကို မြင်မိတော့ သူ-မပြုံးပဲမနေနိုင်ခဲ့။အသည်းယားမိတဲ့စိတ် ချစ်တဲ့စိတ်များက ဒီလုံးလုံးသေးသေးလေးကိုပိုပိုပြီးတွယ်တာလာခဲ့စေပြီ။

ဒီကလေးလေးကို ပိုပိုပြီးချစ်လာရလို့ ဒီတစ်ဘဝလုံးကို ရူးနှမ်းရတဲ့အထိချစ်သွားချင်တယ်။စချစ်ခဲ့တဲ့လူက ကလေးလေးဘက်ကဆို ပိုချစ်ရမယ့်လူက ကိုကိုပဲဖြစ်ပါရစေ။

ချစ်တယ်ကလေးလေး...။

* ကလေးလေး *

လုံးလုံးကွေးကွေးလေးအိပ်မောကျနေသူလေးရဲ့ မျက်နှာနားထိ ကိုယ့်မျက်နှာကိုကိုင်းချလိုက်ကာ ခပ်ဖွဖွခေါ်ကြည့်ပေမယ့် မျက်လုံးလေးတွေက ပွင့်မလာခဲ့ဘူး။ဒါလေးကို အူယားမိ၍ပြုံးမိပြန်ပြီ။

မျက်နှာလေးအနှံ့ကို ကိုယ့်စိတ်တိုင်းကျနမ်းရှိုက်ပစ်လိုက်ချင်တယ်။ဒါပေမယ့် ကိုကိုမနမ်းရက်လို့ ငေးကြည့်ခွင့်တော့ပေးပါ။ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီး နှာခေါင်းချွန်ချွန်လေးကို ခပ်ဖွဖွဆွဲကာ အနားမှာထိုင်နေရာကနေ ကိုကိုကထသွားတော့သည်။

ကုတ်နဲ့ရှပ်လက်ရှည်ကို တစ်ပါတည်းဆွဲချွတ်ပစ်လိုက်ပြီး အဝတ်ခြင်းလေးထဲပစ်ထည့်လိုက်ကာ ခုတင်ပေါ်က ထိုကလေးထုတ်ပေးထားတဲ့ အိမ်နေရင်းဝမ်းဆတ်ကိုဆွဲယူသွားပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။

(OS Collection)Where stories live. Discover now