Hyung!Hold My Hand

523 56 0
                                    

( Unicode Version)

( Hyung!My Hand )

Ding Dong!!!

Ding Dong!!!!

* လာပြီ...လာပြီဟ!stop ဘဲလ်ကိုစွတ်နှိပ်မနေနဲ့ *

တိုက်ခန်းလေးထဲမှနေ ဟိန်းခနဲထွက်လာသောငြူငြူစူစူအော်သံလေးဟာ ဂျွန်ဆီကနေထွက်လာသော အလိုမကျတဲ့အသံလေးပါ။

ထိုဘဲလ်​တီးသံကြောင့် ဂျွန်ဟာအိပ်နေရာကနေ လူးလှိမ့်ထလာရတဲ့အထိပါပဲ။ကောင်းစွာမပွင့်နိုင်သေးတဲ့မျက်လုံးအစုံကို လက်ဖနောင့်နှင့်ပဲ အကြမ်းပတမ်းပွတ်ပစ်လိုက်ပြီး
ခပ်ကျဲကျဲခြေလှမ်းအကူတွေနဲ့ အခန်းဝဆီကိုရောက်အောင်သွားသည်။

တစ်လတ်စတည်းသူတွေးလိုက်မိတာက
သူ့အခန်းရှေ့မှာ ဘယ်သူကများ မနားမနေအလုပ်တွေထပ်ခိုင်းဖို့ရောက်နေပြန်ပြီလဲ?ပေါ့။ရှားရှားပါးပါးနားရက်တွေရတုန်းရခိုက်မှာ ဘာအလုပ်ကိုမှ ထပ်မလုပ်ချင်တော့ဘူး။

အဲ့ဒီနောက် ဒီဂျွန်ဂျောင်ကုဟာ အလွန်အမင်းကိုစိတ်ရှုပ်ထွေးသွားပုံဖြင့် သူ၏မညှပ်သင်ရသေးတဲ့ ဆံနွယ်ရှည်ရှည်တွေကို လက်ချောင်းတွေအကူနဲ့ထိုးဖွပစ်လိုက်သည်အိပ်ယာပေါ်ကနေ အခုမှထလာခြင်းပေမို့
ဂျွန်တစ်ခေါင်းလုံးဟာ ဖရိုဖရဲဖြစ်နေလျှက်။

နံရံပေါ်ရှိ ၄"၆"ပတ်လည်ဖန်သားပြင်လေးကို ဂျွန်ကအလိုမကျဖြစ်စွာနဲ့ စူးစိုက်ကြည့်လိုက်သည်။ဒါပေမယ့် မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရပြန်တော့ ပို၍စိတ်ရှုပ်သွားရ၏။

Ding Dong!!!

ကြည့်နေရင်းမှာပဲ ထပ်မံထွက်ပေါ်လာတဲ့
ဘဲလ်သံကြောင့် မျက်ခုံးတန်းတွေကို တွန့်ချိုးပစ်ပြီး စိတ်ရှုပ်ထွေးသွားဟန်နဲ့ စုတ်တစ်ချက်သပ်လိုက်ကာ ငြီးတွားပြန်သည်။

* ကျစ်...!!အာရုံတွေပဲ *

ထိုသို့နှင့် ဂျွန်သည်တံခါးမကြီးထက်က မှန်ဘီလူးပေါက်ရှိရာဆီသို့ အလောတကြီးပဲပြေးသွားလိုက်ကာ အပြင်ကိုအကဲခတ်ပြန်၏။ဂျွန်ထင်လိုက်တာက ယခင်လတွေတုန်းကအတိုင်း သူ့နောက်ကိုတောက်လျှောက်လိုက်နေတတ်တဲ့Sasaeng Fanပဲပေါ့။

(OS Collection)Where stories live. Discover now