Seven

484 41 2
                                    

( Unicode Version )

( Seven )

ေမာင်က မောင့်ဂျီမင်ကိုဆို တစ်ပတ်မှာခုနစ်ရက်လုံး ချစ်ချင်နေတဲ့လူမျိုး...။မဟုတ်သေးဘူး ရှစ်ရက်လောက်ကို ချစ်ပစ်ချင်နေတာ။မောင့်ဂျီမင်ကို ကြောက်လို့သာ မောင်လိမ္မာပေးနေရတာကို ဂျီမင်အား မောင်သိစေချင်တယ်။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အချစ်တစ်ခုဟာအမျိုးသားခြင်းမို့မချစ်ရဘူး။အမျိုးသမီးခြင်းမို့မချစ်ရဘူးဆိုတဲ့သတ်မှတ်ချက်တွေမှမရှိတာ။ကိုယ်ချစ်တဲ့လူက ယောကျာ်းလေး၊မိန်းကလေးဆိုတာထက် လူသားတစ်ယောက်ဖြစ်နေရုံထက်မပိုခဲ့ပါဘူး။

အချစ်သည် Love has no gender ​ြဖစ်တယ်လို့ယူဆလျှင် ထိုအချစ်မှာကန့်သတ်ချက်တွေ အသတ်အရွယ်အပိုင်းအခြားတွေဘာတစ်ခုမှပါဝင်ပတ်သတ်ခြင်းမရှိဘူးဆိုတာကိုတော့ မေ့ထားလို့ဘယ်ရပါ့မလဲ။

သိမ်မွေ့သည့်အချစ်တစ်ခု
နူးညံ့သည့်တစ်ခုကို
လူသားတိုင်းအနေနဲ့ ခိုလှုံဖို့သင့်ပါတယ်။

• • • • • SEVEN • • • • •

မောင်နဲ့မောင့်ဂျီမင်ဟာ တရားဝင်လက်ထပ်ထားကြတဲ့လိင်တူအမျိုးသားနှစ်ယောက်ပါ။
မောင်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ အဆိုတော်ဖြစ်သလို၊မောင့်ဂျီမင်သည်လည်း ကျော်ကြားသည့်ဆရာဝန်တစ်ယောက်ဖြစ်သည်။

အလုပ်ကိစ္စတစ်ခုနဲ့နယူးယောက်မြို့ကိုအစောတလျင်သွားလိုက်ရတဲ့မောင့်ကို ဒီနေ့မှာတော့ ဒေါက်တာပတ်ခ်ကိုယ်တိုင်ပဲ သွားကြိုရလေသည်။မောင်က သူနဲ့အတူထိုနိုင်ငံကိုလိုက်ခဲ့ဖို့ခေါ်ခဲ့သော်လည်း မောင့်ဂျီမင်မှာလူနာတွေကြောင့် မလိုက်နိုင်ခဲ့ပေ။

ထို့ကြောင့် မောင့်ခမျာ လွမ်းလွမ်းဆွေးဆွေးမျက်နှာကြီးနဲ့ ညတိုင်းပင် Face Timeပြောဖြစ်တိုင်း " ​ေမာင်ပြန်လာချင်နေပြီ "လို့ လှမ်းလှမ်းချွဲပြနေတာကို မောင့်ဂျီမင်လည်းသဘောတွေကျခဲ့ရ၏။ဒီအချွဲသန်လွန်းတဲ့
ချွဲချွဲပျစ်ပျစ်အချွဲစိန်လေးကိုမှ မောင့်ဂျီမင်
မချစ်ရင် ဘယ်မောင်ကိုချစ်ရပါတော့မလဲ..။

(OS Collection)Where stories live. Discover now