Description

1.7K 98 1
                                    

ယဲ့ချင်းသည် ဝတ္ထုတစ်ပုဒ်ထဲသို့ ကူးပြောင်းသွားရှာသည်။ သူ(မ)သည် ထိုဝတ္ထုထဲတွင် အရေးမပါသော ဇာတ်ကောင်လေးသာဖြစ်သောကြောင့် သူမ ကြိုက်နှစ်သက်သလို ကြည်နူးဖွယ်ဘဝလေးတွင် လွတ်လပ်စွာနေနိုင်သည်။

သို့သော် သူ(မ)၏ ပျော်ရွှင်မှုလေးသည် ခဏတာသာ ခံပုံရသည်။ တနေ့တွင် သုံးနှစ်အရွယ်လောက်သာရှိသေးသော ချစ်စရာကလေးမလေးသည် သူ(မ)အရှေ့တွင် ပေါ်လာပြီး သူ(မ)ကို နို့အနံ့သင်းသင်းလေးနှင့် ခေါ်လိုက်သည်။

"မားမား။"

ယဲ့ချင်း : ???

နောက်တစ်ရက်တွင်၊ ချစ်စရာကောင်းပြီး ချောမောခန့်ညားသော အသက်နှစ်ဆယ်အရွယ်လောက်ရှိမည့် ကောင်လေးတစ်ယောက်သည် သူ(မ)ကို လာဖက်လေသည်။ ထိုကလေး၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်စများနှင့် ပြည့်နှက်နေရှာသည်။

ထို့နောက် ထိုဆယ်ကျော်သက်လေးသည် သူ(မ)ကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြောလိုက်လေတော့သည်။

"မား!"

ယဲ့ချင်း : ????????

ယဲ့ချင်းသည် မမျှော်လင့်ထားဘဲနှင့် ကလေးနှစ်ယောက်၏ အမေဖြစ်လာပြီးနောက် သူမသည် ထိုကလေးနှစ်ယောက်လုံးဟာ လူသားများ မဟုတ်ကြောင်းကို ရှာဖွေတွေ့ရှိခဲ့၏။

•.•

တနေ့၌ ကလေးမလေးသည် Big Bossကြီးကို သူ(မ)အနား ဆွဲခေါ်ကာ တိုးတိုးလေးပြောလိုက်သည်။

"ပါးပါး၊ မားမားကလေ အိပ်ယာဝင်ပုံပြင်ဖတ်ပြတုန်းက သမီးခေါင်းကို ပွတ်ပေးတာလေ။
အရမ်း နေလို့ကောင်းတော့ မတော်တဆ အမြီးထုတ်ပြီး ယမ်းမိလိုက်တယ်။ မားမားက သမီး အမြီးကို မြင်သွားတယ်နဲ့တူတယ်။ သမီး ဘယ်လိုလုပ်ရမလဲ? QAQ."

__________

Notes:
ဒီ Novelကို English Translator Fuyu Nekoစီကနေ ဘာသာပြန်တာပါ။ သူတို့ဘက်က
[If you want to use our translations to translate any of these novels into another language, feel free to do so. No need to ask. ] လို့ ပြောထားတာကြောင့် သပ်သပ် permissionမတောင်းထားပါဘူးရှင့်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now