အပိုင်း ၁၄

609 72 2
                                    

အပိုင်း ၁၄ - ကပ်တွယ်နေတဲ့ အကောင်ပေါက်လေး ()

ယဲ့ချင်းသည် သူမကို လျစ်လျူရှုပြီး သူမ၏ဒရာမာကိုသာ ဆက်လက်ကြည့်ရှုနေခဲ့သည်။

မည်သည်ကိုမျှ နားမလည်သည့် တိရိစ္ဆာန်တစ်ကောင်ကို သူမ ဘာများပြောနိုင်မည်နည်း။ ထို့ပြင် တိရစ္ဆာန်လေးသည် ကြောင်တစ်ကောင်ဖြစ်နေသေးသည်။ သူမကို နှင်ထုတ်ချင်လျှင်ပင် အထဲသို့ အလွယ်တကူ ပြန်တက်လာနိုင်သည်။ တစ်ညတာလောက် ထားလိုက်သင့်သည်ဟု သူမထင်သည်။

ချန်မျန်သည် သူမမာမီ၏ ခေါင်းအုံးပေါ်တွင် ပက်လက်လှန်လိုက်ကာ သူမနှင့်အတူ ရှိုးကို ခဏတာကြည့်လိုက်သည်။

ချန်မျန်သည် ရှိုး၏ ထိုအမျိုးသမီးဇာတ်ဆောင်ကို အမှန်တကယ်ကို မနှစ်သက်ပေ။ သူမသည် လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် သူမလေးနှင့် အလွန်ဆိုးရွားသော တွေ့ဆုံမှုတစ်ခု ရှိခဲ့လေသည်။

သူမမာမီသည် သူမ ဂရုမစိုက်သည့် အန်တီကိုသာ ကြည့်နေပြီး သူမကို အာရုံမရှိပေ။

ဝူး၊ ဝူး၊ ဝူး။ သူမလေးက ချစ်စရာကောင်းတဲ့ကြောင်လေးပါနော်။ သူမသည် အဘယ့်ကြောင့်များ သူမ မကြိုက်သည့် အန်တီထက်တောင် ပိုဆွဲဆောင်မှု မရှိနိုင်ရသနည်း?

ချန်မျန်လေးသည် မနေနိုင်တော့ဘဲ သူမ၏ခြေထောက်လေးကိုထုတ်ကာ ယဲ့ချင်း၏တက်ဘလက်ကိုင်ထားသောလက်ပေါ်သို့ တင်လိုက်လေသည်။
"မြှောင်~"

သမီးကို ကြည့်ပါဦး၊ မာမီ! quq

သူမ၏ ခြေဖဝါးလေးတွေသည် နူးညံ့ပြီး နွေးထွေးနေသည်။ ယဲ့ချင်းသည် မျက်တောင်ခတ်လိုက်ပြီး ခေါင်းစောင်းလိုက်ကာ ကြောင်လေးကို ကြည့်လိုက်သည်။ သူမသည် လက်ဆန့်လိုက်ကာ ကြောင်လေး၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ညင်သာနူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။

"လိမ္မာတဲ့ ကြောင်လေး၊ ငါကြည့်တာ ကောင်းခန်းရောက်နေပြီ၊ ဆက်ကြည့်ခွင့်လေးပေးလေနော်၊ ဟမ်?"

ချန်မျန်လေးသည် စိတ်ကောက်သွားခဲ့သည်။

သူမသည် သူမ၏ခြေဖဝါးလေးကို ပြန်ဆုတ်လိုက်ပြီး လူးလိမ့်လိုက်ကာ သူမတွင်ရှိသည့် အကောင်းဆုံးလှည့်ကွက်ကို ထုတ်သုံးလိုက်တော့သည်။ သူမသည် သူမ၏ကျောပြင်ကို လှိမ့်ချလိုက်ပြီး သူမ၏ ခြေထောက်လေးချောင်းလုံးသည် လေထဲသို့ ဆန့်တန်းနေကာ သူမ၏ ပျော့ပျောင်းနူးအိနေသည့် ဗိုက်သားလေးကို ဖော်ပြလိုက်သည်။
"မြှောင်!"

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now