အပိုင်း ၃

590 76 3
                                    

အပိုင်း ၃ - ဝတ္ထုထဲ ကူးပြောင်းသွားခြင်း။ (၃)

ခရီးဆောင်ကိုအိတ်ကို ဆွဲ၍ မူလကိုယ်၏မှတ်ဉာဏ်ကို အသုံးပြုကာ ယဲ့ချင်းသည် မူလကိုယ်၏ဖခင်စီမှ ဆက်ခံခဲ့သောအိမ်သို့ ရောက်လာခဲ့သည်။

ဤနှစ်ထပ်အိမ်လေးသည် ကြီးမား၊ ကျယ်ပြန့်သော ခြံလည်းပါရှိသည်။ သို့သော် သေးငယ်သောကျေးလက်ဒေသတွင်ရှိသောကြောင့် အိမ်၏တန်ဖိုးသည် ပထမတန်းစားမြို့ကြီးတွင်ရှိသော ပြိုကျပျက်စီးနေသောတိုက်ခန်းထက်ပင် စျေးနည်းသေးသည်။

ယဲ့ချင်းသည် သူမ၏အိတ်ကပ်ထဲမှ သော့ကိုထုတ်ကာ တံခါးကိုဖွင့်ရန်ကြံသည်။ သို့သော် သူမ တံခါးပေါက်သို့ သော့မထည့်ရသေးခင်ပင် အထဲမှနေ၍ ရုတ်တရတ် တံခါးပွင့်လာသည်။

တံခါးတွင် မိန်းမကြီးတစ်ယောက်သည် ရပ်နေခဲ့သည်။ သူမ၏ ခေါင်းရှိဆံပင်သည် တစ်ဝက်ပင် ဖြူနေပြီဖြစ်သည်။ သူမသည် ယဲ့ချင်းကို သူစိမ်းဆန်သောအကြည့်ဖြင့် ခေါင်းအစ၊ ခြေအဆုံးကြည့်လိုက်သည်။

ယဲ့ချင်းသည်လည်း တစ်ဖက်သူကို အသေအချာကြည့်လိုက်သည်။ ထို့နောက် ဤအမျိုးသမီး မည်သူမည်ဝါမှန်း မူလကိုယ်၏ မှတ်ဉာဏ်မှ သိလိုက်ရတော့သည်။ ရိုးရှင်းစွာ အကျဉ်းချုပ်ရသော် :
ပတ်သက်ဆယ်နွယ်မှု : အကြီးဆုံးအဒေါ်
ဇာတ်ကောင် အမျိုးအစား : ရန်သူ

မူလကိုယ်သည် အထက်တန်း​ကျောင်းမှ ထွက်ကာ အလုပ်ရှာရန် သူမ၏ ဇာတိမှထွက်ခွါရသည့် အကြောင်းအရင်းတစ်ဝက်မှာ ဤအကြီးဆုံးအဒေါ်ကြောင့်ပင်။

မည်သို့ပင်ဖြစ်စေ၊ မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင် သူမ အိမ်မှ ထွက်ခွါလာစဉ်က သူမဖခင်၏အိမ်သည် လုယူခြင်းမခံရသေးဘဲ သူမသည်လည်း တံခါးကို လော့ချခဲ့ခြင်းဖြစ်သည်။

အချိန် ကိုးနှစ်တာသည် အလင်းလိုအရှိန်နှင့် ကုန်ဆုံးသွားခဲ့ပြီးပြီဖြစ်သည်။ ထိုအချိန်များတွင် မူလပိုင်ရှင်သည် အိမ်သို့ လုံးဝမပြန်ခဲ့ပေ။

သေချာသည်မှာတော့ ယခု ဤအိမ်လေးတွင် တခြားသူများ တက်နေနှင့်ပြီးဖြစ်သည်။ ယဲ့ချင်း၏မျက်ခုံးတစ်စုံသည် အနည်းငယ် ညွန့်ကျသွားခဲ့သည်။ ထို့နောက် သူမ၏မျက်နှာတွင် အပြုံးတစ်ပွင့်ဆင်မြန်း၍ သူမဘက်က အရင် စခေါ်လိုက်သည်။ "ပထမအဒေါ်။"

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now