အပိုင်း ၆

538 71 0
                                    

အပိုင်း ၆ - မာမီ (၂)

ယဲ့ချင်းသည် အသေးစိတ်မရှင်းပြပေ။ သူမသည် ခေါင်းသာ တွင်တွင်ခါနေသည်။ သူမ၏မျက်လုံးတစ်စုံနှင့် ဝေ့လည်ကြောင်ပတ်ကြည့်နေသည်မှာ တစ်ခုခုဖုံးကွယ်ထားသလိုပင်။ ထို့နောက် သူမသည် တမင်တကာ ထည့်ပြောလိုက်သေးသည်။
"ကျွန်မ ဆက်မပြောချင်တော့ဘူး။...အေး၊ စိတ်မပူပါနဲ့။ ဒါက မကူးစက်နိုင်ပါဘူး။"

ထိုအပြုအမူသည် ဝမ်းကွဲယောင်းမ၏အတွေးကို အတည်ပြုလိုက်သလိုပင်။ သူမသည် ဖြူဖျော့သွားပြီး မသိစိတ်ကပင် သူမ၏ဝမ်းဗိုက်ကို ကာမိလိုက်ကာ၊ ယဲ့ချင်းအနားမှ ဖြစ်နိုင်သမျှ ဝေးဝေးတွင်နေရန် ကြံလိုက်သည်။

ဤဝမ်းကွဲယောင်းမတွင် ကြာပန်းဖြူစရိုက်လက္ခဏာရှိသည်ပင်။
ဒါက သေစေနိုင်လောက်တဲ့ ကူးစက်ရောဂါဖြစ်နိုင်လား? AIDSလိုလေ?

ဝမ်းကွဲယောင်းမ၏အကြည့်တို့နှင့် ယဲ့ချင်း၏စကားတို့အပေါ် အကဲဖြတ်ကြည့်သော် စားပွဲရှိလူတိုင်းသည် မပျော်နိုင်တော့ပေ။ တစ်မိသားစုလုံးတွင် တူညီသော အတွေးများရှိကြသည်။

အို သွားပြီဟေး! သူတို့ အခုတင် စားပွဲတစ်ခုတည်း စားထားကြတာလေ။ သူတို့ ဘာလုပ်ရမလဲ? သူတို့ ကူးစက်ခံလိုက်ရတာတော့ မဖြစ်နိုင်ပါဘူးနော်?
မဟုတ်ဘူး၊ ခဏ။ မဖြစ်နိုင်ဘူး။ AIDS ကူးစက်ခံရဖို့ လွယ်တာမှ မဟုတ်တာ။

မည်သို့ပင်ဖြစ်စေ၊ သူတို့ စိုးရိမ်နေသေးသည်။

ယဲ့ချင်းသည် တစ်ချက် ရှိုက်လိုက်ပြီးနောက် မျက်ရည်အချို့ကို သုတ်လိုက်သည်။ သူမသည် အတင်းဖြစ်ညှစ်ပြီး လုပ်ထားရသော ရဲရင့်သောအပြုံးလေးကို ဆင်မြန်းကာ ဆက်ပြောလိုက်သည်။
"ကံကောင်းတာက ကျွန်မမှာ ရှင်တို့နဲ့ ကျွန်မရဲ့မိသားစု ရှိနေလို့သာပဲ။"

သူမသည် တစ်အိမ်လုံးကို ကြည့်လိုက်ကာ
"ဒီအိမ်မှာက အခန်းတွေရှိသေးတယ်လေ။
ပြီးတော့ ကျွန်မအတွက်က တစ်ခန်းပဲ လိုတာဆိုတော့ ဝမ်းကွဲနဲ့ ယောင်းမက ဒီမှာဆက်နေလို့ရပါတယ်။
နောက်ရက်တွေမှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ရတယ်ဆိုတော့ အရမ်း အဆင်ပြေမှာပဲ။"

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now