အပိုင်း ၁၀

458 54 0
                                    

အပိုင်း ၁၀ - မြှောင်~ ()

ယဲ့ချင်းသည် ဂရုမစိုက်တော့သောကြောင့် ကလေးမလေးရောက်လာခြင်းသည် သူမအတွက် အသေးအဖွဲဖြစ်ရပ်တစ်ခုသာဖြစ်သည်။ ထို့နောက် သူမသည် အလုံးစုံကို မေ့သွားလေတော့သည်။

သူမ၏ ခြံဝင်းအတွင်းတွင် တစ်ရေးတစ်မော အိပ်မောလိုက်ပြီးနောက် Anipop*ဂိမ်းအနည်းငယ်ကို ကစားကာ ရှေးခေတ်ဒရာမာ အပိုင်းအချို့ကို ကြည့်ပြီးနောက်တွင်တော့ ညနေစောင်းတောင် ရောက်နေပြီဖြစ်သည်။

ဤနေရာရှိ မိသားစုများအားလုံးသည် ညစာအတွက်  ပြင်ဆင်နေကြပြီဖြစ်သည်။ လေထဲမှ ပျံ့မွှေးလာသောညစာ၏ ရနံ့တို့ကို ရှူရှိုက်ရင်း ယဲ့ချင်းသည် ဗိုက်ဆာလာခဲ့သည်။

အဒေါ်ကြီးနှင့် ဒုတိယအဒေါ်တို့ထဲ မည်သူက ညစာ ယူလာပေးမည်လည်းဆိုသည်ကို သူမ စဉ်းစားနေမိသည်။

သူမသည် မည်သို့မည်ပုံ ဟင်းချက်ရမည်ကို မသိကြောင်း အကြိမ်အနည်းငယ် အရိပ်အမြွက်ပြောဖူးသည်လေ။

သူမသည် ဟင်းအနည်းငယ်ကို ချက်ပြုတ်နိုင်သော်လည်း တစ်ခုမျှ အရသာသိပ်မရှိပေ။ တစ်ချိန်လုံး စားသောက်ဆိုင်များတွင် စားနေသည့်သူဆိုလျှင်တော့ ဤသည်မှာ ကောင်းမွန်သည့် အပြောင်းအလဲဖြစ်ကောင်းပါ၏။ သို့သော် ပုံမှန်စားရလျှင်တော့ သူမချက်ပြုတ်ထားသည်များမှာ သိပ်အရသာမရှိလှပေ။ ထို့ပြင် ယနေ့ညအတွက် သူမသည် ညစာပြင်ဆင်ချင်စိတ်မရှိနေပေ။

သူမ နောက်ထပ် ဆယ့်ငါးမိနစ်လောက် စောင့်လိုက်ပါမည်လေ။ သူမအတွက် ညစာကို မည်သူမှ ယူလာမပေးလျှင်တော့ အစားအသောက်လာပို့ဖို့ရန် အော်ဒါတင်လိုက်တော့မည်။

သူမတစ်ယောက်တည်းဖြစ်သောကြောင့် မည်သည့်အရာပဲဖြစ်ဖြစ် စားရသည်မှာ လွယ်ကူပါ၏။

ယဲ့ချင်းသည် သူမလက်ထဲတွင် ကုန်စုံဆိုင်မှ မြေပဲတစ်ထုပ်ကိုကိုင်ကာ သူမ၏ကုလားထိုင်ပေါ်သို့ ပြန်လှဲလျောင်းလိုက်သည်။ သူမ၏ နူးညံ့သော စောင်အသေးလေးကို ပြန်ချုံကာ စပီကာကိုဖွင့်လိုက်ပြီး သာယာချိုမြိန်သောတေးသံနှင့်အတူ ကောင်းကင်ပေါ်ရှိ တောက်ပသော အနီရောင်တိမ်တိုက်များကို မော့ကြည့်ကာ ကြွပ်ရွနေသောမြေပဲ*များကို တကြွပ်ကြွပ်စားနေတော့သည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now