အပိုင်း ၁၃

405 58 0
                                    

အပိုင်း ၁၃ - ကပ်တွယ်နေတဲ့ အကောင်ပေါက်လေး (၂)

မျန်ဟွာထန်သည် ရေချိုးခန်းတံခါးတွင် သူမ၏ ရှေ့ခြေနှစ်ချောင်းကို ချထားလိုက်သည်။ သူမ၏ ကြောင် ပါးဖောင်းဖောင်းလေးသည် အထဲသို့ ချောင်းကြည့်ဖို့ရန် ကြိုးစားရင်း တံခါးကိုဖိကပ်ထားလေသည်။
ရေချိုးခန်းရှိ မှန်တံခါးသည် အငွေ့များ ဝေ့သီနေကာ မည်သည့်အရာမှ မမြင်ရပေ။

ခဏအကြာမှသာ ရေသံကို ကြားလိုက်ရသည်။

ဒယ်ဒီသည် ယောကျ်ားလေးဖြစ်ပြီး သူမသည် မိန်းကလေးဖြစ်ကာ ယောကျ်ားလေးနှင့် မိန်းကလေးသည် ရေအတူတူ မချိုးရသောကြောင့် ဒယ်ဒီသည် သူနှင့် ရေအတူချိုးခွင့်မပေးပေ။

သို့သော် မာမီသည် မည်သည်ကြောင့် သူမနှင့်အတူ ရေချိုးခွင့်မပေးသည်နည်း။ မာမီသည်လည်း မိန်းကလေး၊ သူမသည်လည်း ထို့အတူပင်။

မျန်ဟွာထန်သည် သူမ၏ ခြေဖဝါးလေးကို ရုပ်သိမ်းလိုက်ကာ အိမ်တစ်ဝိုက်တွင် စတင်လည်ပတ်လိုက်ပြီး သူမ၏ နယ်မြေအသစ်ကို စစ်ဆေးကြည့်လိုက်သည်။

သူမလေးသည် ဤနေရာသို့ ခုန်လိုက် ဟိုနေရာသို့  ကုတ်ခြစ်လိုက်နှင့် သူမမာမီ၏ အိမ်ရှိ အရာအားလုံးကို စူးစမ်းနေခဲ့သည်။

သူမ၏ မှန်တင်ခုံအပေါ်တွင် အသားအရေ ထိန်းသိမ်းရေးထုတ်ကုန် အနည်းငယ် ရှိပြီး၊ ၎င်းတို့အနက် နှုတ်ခမ်းနီတစ်ချောင်းသည် တစ်ဘက်သို့ သာမန်ကာလျှံကာ ပစ်ထားခံရကာ ခုံအစွန်းမှ နှစ်ဆယ်စင်တီမီတာလောက်အကွာတွင် ရှိနေသည်။

မျန်ဟွာထန်လေးသည် မှန်တင်ခုံထိပ်တွင် ရပ်နေကာ နှုတ်ခမ်းနီကို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ယားယံနေသော ကြောင်ခြေသည်းကို ဆွဲထုတ်ကာ စားပွဲအစွန်းသို့ နှုတ်ခမ်းနီကို ဂရုတစိုက်တွန်းလိုက်သည်။

၁၈စင်တီမီတာ၊ ၁၂စင်တီမီတာ၊ ၉စင်တီမီတာ၊ ၆စင်တီမီတာ၊ ၅စင်တီမီတာ၊ ၃စင်တီမီတာ...နီးနေပြီ၊ နီးနေပြီ။

နှုတ်ခမ်းနီသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျတော့မည်ဖြစ်ရာ အသံထွက်သွားစေလိမ့်သည်။ မြှောင်!

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now