အပိုင်း ၈

496 64 3
                                    

အပိုင်း - မာမီ ()

သူမ ဤကလေးကို သိသည်ဟု မထင်ပေ။ သူမ၏မှတ်ဉာဏ်ထဲ အကြိမ်အနည်းငယ်ရှာကြည့်သော်လည်း မူလပိုင်ရှင်တွင် ကလေးရှိကြောင်း အရိပ်အမွက်ပင်မတွေ့ရချေ။ မူလပိုင်ရှင်သည် မည်သည့်အခါမှ ချိန်းတွေ့ခြင်းမရှိခဲ့ဘဲ သူမ မွေးဖွားလာစဉ်တည်းက တစ်ကိုယ်တည်းသမားလေးဖြစ်ခဲ့ခြင်းပေ။

ကောင်းပြီ။ ထိုသို့ဆိုလျှင် ဤထူးဆန်းသည့် အကောင်ပေါက်လေးသည် ရုတ်တရက်ကြီး သူမရဲ့တံခါးကို ခေါက်ပြီး သူမကို "မာမီ"လို့ အဘယ်ကြောင့်များ ခေါ်ရသနည်း?

ဤအရာများကို အလုံးစုံကိုနားလည်သွားရန် ယဲ့ချင်းအတွက် စက္ကန့်ဝက်လောက်သာ အချိန်ယူလိုက်ရသည်။ သူမသည် လွန်ခဲ့သောသုံးရက်အတွင်း ဟိုတယ်တွင် နေခဲ့သည်ဆိုသော်ငြား ရံဖန်ရံခါ အပြင်သို့ တချို့အရာများဝယ်ရန် ထွက်ခဲ့သေးသည်လေ။

ဤမြို့လေး၏လူဦးရေသည် မမြင့်မားသောကြောင့် လူတိုင်းသည် တစ်ရက်၊ နှစ်ရက်တွင်းပင် သတင်းအစုံအလင်သိရှိသွားနိုင်သည်။

သူမသည် လမ်းတွင် လမ်းလျှောက်​သောအခါ သူမ တစ်ခါမှ မတွေ့ဖူးသောသူများသည် သူမကို အကွာအဝေးတစ်ခုခြားထားသည့်ပုံပင်။ သူမ၏ "ကူးစက်ရောဂါ" အကြောင်းသည် သူမ ဆွေမျိုးများ၏ သတင်းဖြန့်ခြင်းခံလိုက်ရပြီးဖြစ်မည် ထင်ပါ၏။

ယဲ့ချင်းသည် ထိုအတွက် စိတ်မချမ်းသာ မဖြစ်ပေ။ ယခုလိုမြို့ငယ်လေးတွင် လူတိုင်းသည် စုဝေးပြီး အတင်းပြောရသည်ကို ကြိုက်နှစ်သက်ကြသည်။ သူမနှင့်လာပြီး အတင်းအဖျင်းပြောမည့်သူမရှိသည်က ဆိုးရွားသည့်အရာတော့မဟုတ်ပေ။ တခြားသူတို့သည် ပေါင်းသင်းဆက်ဆံရေး လိုအပ်သော်ငြား သူမ၊ ယဲ့ချင်းသည်တော့ မလိုအပ်ပေ။ သူမသည် တစ်ကိုယ်တည်းသာနေလို၏။

သူမ မထင်ထားခဲ့သည့်အရာသည် သူမ၏ "ရောဂါ"အကြောင်းသည်သာမက သူမ၏တိုက်ခန်းအကြောင်းပါ သတင်းပျံ့နှံ့သွားခြင်းပင်။

ယခုတွင်တော့ တစ်စုံတစ်ယောက်သည် တိုက်ခန်းအတွက် သူမကို အမေဟုခေါ်မည့် အကြံတွေပါရှိလာကြသည်။ သူမ၏ နောက်ဆုံးအချိန်တွင် မိခင်ဗီဇတို့ တဖွားဖွား ပေါ်လာကာ နောက်ဆုံးတွင် ဤအသေးလေးအတွက် တိုက်ခန်းတစ်ခန်းချန်ထားခဲ့မည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now