အပိုင်း ၉

465 75 3
                                    

အပိုင်း - မြှောင်~ ()

ယဲ့ချင်းသည် သံတံခါးကို ပြင်းထန်စွာ ဆောင့်ပိတ်လိုက်သောကြောင့် ကျယ်လောင်စွာ ဆူညံသွားစေသည်။ သံတံခါးကြီးသည် နှစ်ပေါင်း ဆယ်ချီ တည်ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ယခင်ကကဲ့သို့ ခိုင်ခံ့မှုရှိသေးသော်လည်း သံချေးများဖြင့် ဖုံးအုပ်ထားပြီးဖြစ်သည်။ ယခုအခါ ယဲ့ချင်းသည် ထိုတံခါးကို ဆောင့်ပိတ်လိုက်သောကြောင့် တံခါးမှ သံချေးများစွာပင် ကြွေကျသွားလေသည်။

မျန်ဟွာထန်လေးသည် ပိတ်ထားသောတံခါးကြီးကို ကြည့်ကာ အပြင်ဘက်တွင် မတ်တတ်ရပ်နေရှာသည်။ ကြောင်အသွားသောကြောင့် သူမ၏ပါးစပ်လေးပင် ပြန်မစိနိုင်တော့ပေ။

သူမ၊ မျန်ဟွာထန်လေးသည် သူမ၏မိခင်ဆီမှ စွန့်ပစ်ခြင်းခံလိုက်ရသည်လား? သို့သော်ငြား အဘယ်ကြောင့်နည်း? QuQ

မာမီသည် မည်သည့်အရာကိုမျှ မမှတ်မိဟု ဒယ်ဒီ ပြောခဲ့စဉ်တည်းက သူမ၏မာမီဆီသို့ သွားသောအခါ တွန်းထုတ်ခံရမည်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် သူမကို တင်းကြပ်စွာ ဖက်ထားခြင်းပင်။

သို့သော် မာမီသည် သူမကို တွန်းမထုတ်ဘဲ ထိုအစား သူမ၏ပါးလေးကို ပွတ်ကာ ခေါင်းလေးကို ပုတ်ပေးသေးသည်လေ။

တစ်စုံတစ်ဦးသည် ထိုကလေးကို သဘောကျမှသာ ကလေး၏မျက်နှာလေးကိုပွတ်ပြီး ခေါင်းကို ပုတ်ပေးသည်မဟုတ်ပါလား? ထို့ပြင် မာမီသည် သူမအတွက် သကြားလုံးကိုတောင် အခွံခွါပေးသေးသည်။ သို့သော်၊...သို့သော်လည်း သူမလေးသည် ကန်ထုတ်ခံလိုက်ရသည်။

ပျားလိမ္မော်သကြားလုံးလေးသည် သူမ၏ ဟနေသောပါးစပ်မှ ပြုတ်ကျတော့မည်ဖြစ်သည်။ ချန်မျန်သည် ထိုသကြားလုံး မပြုတ်ကျစေရန် မသိစိတ်ကပင် ပြန်စုပ်ယူလိုက်သည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now