အပိုင်း ၁၁

467 57 0
                                    

အပိုင်း ၁၁ - မြှောင်~ ()

ထိုအရာများကို ဒုတိယအဒေါ်ကြား​သော် သူမသည် ချက်ချင်းဆိုသလို
"သမီးရဲ့ တခြားဝမ်းကွဲလေးလည်း ရှိသေးတယ်။ သူ​မလေးက လွန်ခဲ့တဲ့ တစ်နှစ်ကပဲ ဘွဲ့ရပြီး အိမ်ငှါးထားတာလည်း ပြည့်တော့မယ်လေ။
နေရာသစ်ရှာဖို့ကလည်း လိုနေတယ်။
သမီးလေးက သိတတ်လိမ္မာတဲ့ ကောင်မလေးပါကွယ်။ သူ့လစာကို အမြဲ အိမ်ကို ပို့ပေးတာမို့ အိမ်ငှါးဖို့ စုငွေလည်း သိပ်မရှိဘူးလေ။
သမီးရဲ့နေရာက အိပ်ခန်းနှစ်ခန်းရှိတာဆိုတော့ သမီးရဲ့ဝမ်းကွဲလေးကိုရော အဲဒီမှာ ခဏလောက်ပေးနေလိုက်ပါလား?"

အကြီးဆုံး အဒေါ်သည် ဒုတိယအဒေါ်ပြောသည်ကို ကြားပြီးနောက် မျက်လုံးကို လိမ့်လိုက်သည်။

ဒုတိယအဒေါ်ရဲ့သမီးသည် မျိုးစေ့ကောင်းမဟုတ်ပေ။ သူမ၏အိမ်ကို ကူညီရန်အလို့ငှါ ပိုက်ဆံပေးဖို့ရန် ဝေးစွ။ သူမသည် ၎င်းတို့အားလုံးကို ယောက်ျားများအတွက် သုံးဖြုန်းခဲ့သည်။ သူမသည် ဤအသက်ငယ်ငယ်လေးတွင်ပင် ကိုယ်ဝန်ဖျက်ချခဲ့ဖူးသည်။

ဘုရားရေ! သူမသားလေးက အပြစ်ကင်းစင်တဲ့ ကလေးတစ်ယောက်ဖြစ်သည်။ အတူတူနေကြမည်ဆိုလျှင် သူမ၏ဆိုးယုတ်မှုများမှာ သူမ၏သားအပေါ်သို့ လွှမ်းမိုးမှုများ ရှိနိုင်မလား။?
မဖြစ်ပေ၊ မဖြစ်ပေ။ သူမ တစ်ခုခု စီစဉ်ပြီး ဒုတိယအဒေါ်၏သမီးကို သူမသားနဲ့ ရွေ့ပြောင်းနေခွင့် မပေးနိုင်ပေ။ သူမသည် သူလေးအပေါ် သေချာပေါက်ကို ဆိုးရွားသည့် အတွေးတို့ လွှမ်းမိုးစေလိမ့်မည်။

ဒုတိယအဒေါ်သည် အကြီးဆုံးအဒေါ်၏မျက်လုံးများ လိမ့်သွားသည့်အခိုက်အတန့်ကို မလွတ်လိုက်ပေ။ သူမတို့ ယှဉ်ပြိုင်လာသည်မှာ နှစ်ဆယ်ချီရှိနေပြီဖြစ်သည်။ သူမစိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို သူမ သေချာပေါက် သိသည်။

ဖီ! သူမ၏သားသည်လည်း အမျိုးကောင်းသား မဟုတ်ပေ။ သူမတစ်ယောက်တည်းကသာ သူ့အား အဖိုးတန်ကလေးလေးဟု ထင်မှတ်နေခြင်းပင်။ သူမသားသည် အသက် သုံးနှစ်အရွယ်ပဲ ရှိသေးသည်များ ထင်နေသည်လား။?

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now