အပိုင်း ၇

513 64 1
                                    

အပိုင်း - မာမီ ()

သုံးရက်ကြာ ဟိုတယ်တွင်နေထိုင်ခဲ့ပြီးနောက် ယဲ့ချင်းသည် ပြောင်သလင်းခါသွားသည့်အိမ်သို့ ပြောင်းရွေ့နေထိုင်နိုင်ပြီဖြစ်သည်။ ယခုလောက်မြန်မြန် မည်သို့များ စီစဉ်နိုင်သနည်းတော့ သူမလည်း မသိပေ။

သူမ၏ အကြီးဆုံးအဒေါ်နှင့် သူမ၏ မိသားစုသည် အလွန်တွေးတောပေးတတ်သေးသည်။ ဘာမျှမရှိတော့သည့်အိမ်ကို သန့်ရှင်းရေးလုပ်ပေးခဲ့ကာ ပရိဘောဂအသစ်တစ်ချို့ကိုပါ ထည့်ပေးခဲ့သည်။ ၎င်းတို့သည် နာမည်ကောင်းယူသော်ငြား သူမ၏ သေစေနိုင်လောက်သည့် ရောဂါနှင့် ထိတွေ့မိမည်ကို စိုးရိမ်ကာ သူမနှင့်တော့ ခပ်ခွါခွါနေကြလေသည်။

ယဲ့ချင်းသည် ထိုအရာအကုန်လုံးကို မြင်သော်ငြား အပြစ်မဆိုပေ။ သူမသည် ကျေးဇူးတင်စွာပြုံးလျက် စကားကောင်းများကို များများပြောပေးလိုက်သည်။ သူမသည် သိမ်မွေ့စွာပင် အကြုံပြုလိုက်သေးသည်။
"အိုး...ရှင်တို့က ကျွန်မအပေါ် တအားကောင်းတာပဲ။ လာမယ့်နှစ်အတွင်း ဒီလိုပဲ ကောင်းကောင်းဆက်လုပ်နော်။ ပြီးရင် ကျွန်မရဲ့အိမ်နဲ့ တိုက်ခန်းကို ရှင်တို့ကိုပေးမယ်လေ။"

အကြီးဆုံးအဒေါ်သည် ဤရလဒ်ကို အလွန်ကျေနပ်ပျော်ရွှင်မိသည်။ ထို့နောက် အိမ်တွင် တစ်ခြားအရေးများရှိနေပြီး ကြာကြာလည်း မနေဝံ့သောကြောင့် နှုတ်ဆက်ပြီး ထွက်သွားကြသည်။ ယဲ့ချင်းသည် တစ်ယောက်တည်းနေရသည်ကို ပို၍ပင် ပျော်ရွှင်မိသည်။

ယခုမှ ရောက်ရှိလာသော အမြန်ချောပို့ကိုဖွင့်ကာ အိမ်နောက်ဖေးရှိကြီးမားသောသစ်ပင်ကြီးအောက်တွင် ထိုင်ခုံ*ကို တပ်ဆင်လိုက်သည်။ သူမ ထိုတွင် လဲလျောင်းလိုက်သော် သူမ၏မျက်နှာလေးသည် အရိပ်အောက်တွင်ရှိလျက် သူမ၏ခန္ဓာကိုယ်သည်တော့ နေရောင်အောက်တွင်ရှိနေသည်။ ယခုအခြေအနေသည် အပြည့်စုံဆုံးပင်။

ထို့နောက် အိမ်ထဲသို့ တစ်ဖန် ပြန်ဝင်လိုက်ကာ နူးညံ့သောအဖြူရောင်စောင်တစ်ထည်၊ အသားရောင်ရေနွေးခွက်*တို့နှင့် အသီးလတ်လတ်ဆတ်ဆတ် တစ်ပန်းကန်ကို ယူ၍ပြန်ထွက်လာခဲ့သည်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now