Episode 1

320 10 0
                                    


နေရာက RAINBOW ENTERTAINMENT Group ၏ Hallခန်းထဲတွင်ဖြစ်သည်။

"ဟေ့ကောင်....မင်းမှားနေတာ..ငါ့လာမငြင်းနဲ့ "

"ဟာ တတိုင်း...မင်းကို ငါနားလည်အောင်ရှင်းပြနေတာ...ငြင်းနေတာ မဟုတ်ဘူး"

"ဟားဟားဟား ...မင်းမှားတာ၀န်ခံစမ်းပါကွာ"

သူဂီတာ ကြိုးသေချာညှိနေတုန်း အသံဩရှရှဖြင့်အချင်းချင်း ငြင်းခုံရီမောရင်း၀င်လာတဲ့လူကို ဖြတ်ခနဲမော့

ကြည့်မိသည်။ ခေါင်းစွပ်ဆွေတာလက်ရှည်အနီရောင်နဲ့ အမဲအစင်းလိုင်းပါတဲ့အနီရောင် ဘောင်းဘီရှည်ကို

၀တ်ထားတဲ့ဖြူဖြူဖွေးဖွေးလူသားကိုမြင်ရချိန် ကောင်းဇေ သတိလက်လွတ် စိုက်ကြည့်မိသွားသည်။

အညိုရောင်ပုခုံးထောက် ဆံပင်ရှည်တ၀က်ကို ဖြစ်သလို အနောက်မှာ စုချည်ထားပြီး ကျန်တ၀က်ကို

ဒီအတိုင်းချထားသည့် ထိုလူသားသည် မည်သူ့ကိုမှ ဂရုစိုက်ပုံလည်းမရဘဲ စကားဆက်ပြောနေတုန်းပင်။

နံပတ်(၁၄)ဟုရေးထားသော ကဒ်ပြားလည်ပင်းမှာ ဆွဲထားသည့် ထိုလူသားကို ငေးမိရင်း သူ့ထက်နံပတ် ၁၅

ယောက်စာစောတာပဲဟုတွေးကာ သူ့မျက်နှာမှာ နုနုညံ့ညံ့အပြုံးတခုပေါ်လာသည်။ ကောင်းဇေ့ဘဝမှာ

 ပထမဆုံးလူတယောက်ကို မြင်မြင်ချင်း ရင်ခုန်ရင်း ပြုံးမိသည့် သူကိုယ်သူတောင် အံ့ဩမဆုံး။

အခန်းထဲမှာ လူအယောက်(၃၀)ရှိနေသဖြင့် အသံများ ဆူညံ့နေသော်လည်း သူ့တယောက်သာ

စကားပြောစရာအဖော်မရှိဘဲ အေးအေးဆေးဆေးထိုင်ကာ ထိုလူသားကို ဂီတာကိုင်ရင်း

လှမ်းငေးနေမိတာဖြစ်သည်။ သူတို့ရှိနေတဲ့အခန်းသို့ အသံသွင်းအခန်းမှ ယှဉ်ပြိုင်သူများ၏

သီချင်းဆိုနေပုံကို TV မှတိုက်ရိုက်ထုတ်လွှင့်ပေးနေသည်။ လူတချိူ့ကတော့

အခန်းထိပ်မှာ တပ်ထားတဲ့ TV မှသီချင်းဆိုနေသူကို ကြည့်ပြီးဝေဖန်နေကြသည်။ ဒီနေ့က
အသံစစ်တာ ၃ရက်မြောက်နေ့ဖြစ်သောကြောင့် နောက်ဆုံးနေ့လို့လည်း ပြောလို့ရသည်။

လူအယောက်(၅၀)ကို နှစ်သုတ်ခွဲလိုက်ကာ ၁ရက်စီအသံစစ်ပြီး ဆန်ကာတင်ကျန်သည့် လူ ၃၀ ကို

သူ...Hikayelerin yaşadığı yer. Şimdi keşfedin