Episode 18

120 5 0
                                    

February 9.....

ဒီနေ့တိုင်းမွေးနေ့ ဖြစ်၍ မနက်စောစော ဘုရားသို့တိုင်းတို့ ၂ယောက်ထွက်လာကြသည်။ရှပ်အင်္ကျီနက်ပြာကို

လက်ခေါက်ဝတ်ထားသဖြင့် steering wheelပေါ်တင်ထားသည့်ဇေ့လက်ဖျံမှ သွေးကြောများကို

ထင်ရှားစွာ မြင်နေရနေ၏။ဘီးကုပ်အနက်ဖြင့် ဆံပင်ကောက်ကောက်များကို နောက်လှန်သိမ်းထားသဖြင့်

စူးရှရှမျက်လုံးများနှင့် မေးရိုးကားကားပေါ်လွင်နေသည့် ဇေ့ကို တိုင်းခိုးငေးနေမိသည်။ တိုင်းကို သတိထား

မိသွားသည့် ဇေသည်ကားမောင်းနေရင်း လက်တဖက်ဖြင့် တိုင်းလက်ကိုအုပ်ကိုင်လာကာ...

" တိုင်း...ဘာတွေ တွေးနေတာလဲ?"

"ဇေ့ အကြောင်း"

ဘေးတစောင်း မြင်နေရသည့် ဇေ့ မျက်နှာပေါ်က အပြုံးကို တိုင်းမြတ်နိုးစွာကြည့်နေမိသည်။ ဒီမနက်

အစီအစဉ်ကို တိုင်း တွေးမိရင်း ရင်တုန်လာသဖြင့်...

"ဘုရားပေါ် ပရိတ်သတ်တွေအုံလာရင် ဘယ်လိုလုပ်မလဲ ဇေ?"

"စိတ်မပူနဲ့ အချစ်...လေးကျော်သေချာ စီစဉ်ပေးထားတာ...staff တွေအကုန်ရှိနေမှာ.. ရိုက်ကူးရေးက

၁၅မိနစ်စာပဲ ခဏလေးနဲ့ပြီးသွားမှာ"

"အင်း"

ဘုရားပေါ်ရောက်တော့ စီစဉ်ထားသည့်အတိုင်းဆောင်တော်ကူးအဖွဲ့သားများကြိုရောက်နေကြသည်။

rainbow staffကမ်းပေးလာသော နှင်းဆီဖြူပန်းစည်းကို တိုင်း ယူလိုက်ပြီး ဇေ့အနားသို့ကပ်ရပ်နေလိုက်သည်၊၊

ဆောင်တော်ကူးအဖွဲ့မှ တင်ဆက်သူ ကိုစည်သူက တိုင်းတို့ပြုံးပြနှုတ်ဆက်ကာ..

"Morning ကိုဇေနဲ့ ကိုတတိုင်း...ကျွန်တော်တို့ ပထဆုံးအ​နေနဲ့ ဓာတ်ပုံစရိုက်ရအောင်..."

"ok ...ကိုစည်သူ"

တိုင်းတို့ ၂ ယောက်၏ပုံများကို ရှုထောင့်မျိုးစုံမှ ရိုက်ကူးပြီးနောက် short video ရိုက်ရန်စတင် ပြင်ဆင်

ကြ၏။

"ကိုဇေ...မနက် ၇ နာရီထိုးတော့မှာဆိုတော့ ဘုရားဖူးများလာတော့မယ်.. ကိုဇေတို့ ဘုရား၁ပတ် ဖူးနေပုံနဲ့

သူ...Where stories live. Discover now