Episode 16

124 6 0
                                    



ညအိပ်မီး အပြာရောင်လင်းနေသော အခန်းထဲရှိ အိပ်ရာပေါ်တွင် တိုင်း စောင့်ရင်းဖုန်းသုံးနေသည်။

"ခြံတံခါးရော ..အိမ်တံခါး၊ပြတင်းပေါက်တွေရော သေချာစစ်ခဲ့ပြီးပြီ အချစ်"

အိမ်ထောင်ဦးစီးတယောက်လို ဖြစ်နေသည့် ဇေသည် ညအိပ်ခါနီးတအိမ်လုံးကို စစ်ဆေးပြီးမှ

အခန်းထဲသို့ဝင်လာတတ်သည်။

"လာတော့ ထန်းလျက်ခဲလေး.... တိုင်း အိပ်ချင်နေပြီ"

ဇေအိပ်ရာပေါ်လှဲချလိုက်ကာ ဆွဲဖက်လာသဖြင့် တိုင်း အလိုက်သင့်ရင်ခွင်ထဲတိုးဝင်လိုက်သည်။ 

"တိုင်း... ဇေတို့ လက်ထပ်ဖို့ ဖေဖေတို့နဲ့ တိုင်ပင်ရအောင်"

"ဇေ့သဘောပါ"

"တိုင်းမိဘတွေဘက်ကရော?"

"မပူနဲ့ဇေ.. မေမေတို့က ဆေးရုံမှာတည်းကခွင့်ပြုပေးလိုက်တာ...သူ့သားရူးမလိုဖြစ်နေတာမမြင်ချင်လို့တဲ့"

"ကျစ်...တိုင်းကို အဲ့လိုမျိုး အပူတွေ မခံစားစေချင်ဘူးကွာ"

"ဒါဆို နောက်ထပ်ဇေ အဲ့ဒီလိုမျိုးတွေ မလုပ်နဲ့.. ဇေတခုခုဖြစ်ရင် တိုင်းသေမှာ"

တိုင်း ပြောရင်း ဇေ့ရင်ဘတ်ကိုတရှုံရှုံနမ်းကာ ရင်ခွင်ထဲမှမော့ကြည့်လိုက်သည်။ ဇေ မြတ်နိုးစွာ

ငုံကြည့်လာရင်း..

" ရင်ဘတ်ပဲလား? ..တခြားနေရာတွေရော?"

"အာ!...ဇေ့ရင်ဘတ်မှာ အမာရွတ်တွေရှိတယ်လေ...အဲ့ဒါတွေအမြန်ပျောက်အောင်လို့.."

ဇေ တသိမ့်သိမ့်ရယ်ကာ တိုင်းပေါ်အုပ်မိုးကြည့်လာပြီး...

"အမာရွတ်ရှိမှ နမ်းမှာလားဗျာ? ..ဒါဆိုမျက်နှာတခုလုံး ဓားနဲ့သွားခြစ်ဦးမှပါ"

"ဇေ!!....မပြောနဲ့ဆို!"

တိုင်းအလန့်တကြားထအော်ကာ ဇေ့လည်ပင်းမှဆွဲယူရင်း မျက်နှာတခုလုံးကို တရှုးရှုးထနမ်းပစ်သည်။

အနမ်းများကြောင့်အသည်းယားလာကာ တိုင်းကိုတင်းတင်းဖက်လိုက်ရင်း ဇေ တိုးတိုးလေး ပြောမိသည်။

သူ...Where stories live. Discover now