Episode 11

115 5 0
                                    


Operation Theater မီးနီလေး လင်းနေတာကို တိုင်းမျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ မှားပြီ

ဆိုတာ တဖြည်းဖြည်းသိလာတည်းက တိုင်းဘဝအဓိပ္ပာယ်မဲ့နေခဲ့တာ ကြာပြီ။ မြင့်မြတ်တဲ့အချစ်တခုကို

အနားမှာရှိတုန်းကတန်ဖိုးမထားခဲ့ပဲ ခါးခါးသီးသီးတုံ့ပြန်ခဲ့မိသည်။ အရာအားလုံးကို အသစ်ကပြန်စခွင့်ရ

ရင်ပြန်စချင်ပါတယ်.....ဇေ။

"တတိုင်း....ညီဇေဘယ်လိုဖြစ်တာလဲ?? အခုရောအခြေအနေဘယ်လိုလဲ??

ရာဇာတို့အားလုံး တိုင်းထံ စိုးရိမ်တကြီး ပြေးလာရင်းအလောတကြီးမေးသည်။ 

"ကဲကွာ...ခွပ်!!"

ဒေါသထွက်နေသော အာကာက တိုင့်းရင်ဘတ်ကို ဆောင့်တွန်းကာ မျက်နှာကိုဆွဲထိုးလိုက်သဖြင့်

 တိုင်းကြမ်းပြင်ပေါ်ဖင်ထိုင်လဲကျသည်။ မထင်မှတ်ထားသဖြင့် ရာဇာက အာကာကို 

အလန့်တကြားဝင်ဆွဲကာမြတ်သူက တိုင်းကို ဆွဲထူပေးသည်။

"မင်း!! ..ညီဇေ့ကို လုပ်ခဲ့တာတွေ အားမရသေးဘူးလား??..သူ့ကို ဘယ်လောက်ထိဖြစ်စေချင်တာလဲ...

ငါ မင်းရဲ့စောက်ကြောင်းတွေကိုပြောမိလို့ သူလိုက်သွားခဲ့တာ..ငါမှားတာ!!"

"........"

အာကာ ဒေါသတကြီးအော်ဟစ်ပြောနေတာကို တိုင်း ဘာမှ မတုံ့ပြန်ပဲ ငူငူကြီးရပ်နေကာ

မျက်ရည်ကျသည်။

"မင်း...လူမှ ဟုတ်သေးရဲ့လား??...တော်တော်ကြောက်ဖို့ကောင်းတဲ့ကောင်.... မင်း....ညီဇေကိုပြောခဲ့

တာ ..ဘာ ?? .....ရွံ့တယ်ဟုတ်လား??...မင်းသာ စောက်ရမ်းရွံ့စရာကောင်းတာ ခွေး*သားရဲ့.."

ဒေါသမထိန်းနိုင်သော အာကာကို ရာဇာအပြင်ဘက်သို့ အတင်းဆွဲခေါ်သွားသည်။ မြတ်သူကတော့

တိုင်းကျောကို ပွတ်ကာ နှစ်သိမ့်ပေးနေသည်။ ထိုအချိန် လေးကျော်နှင့် ဦးကောင်းကျော် အပြေးတပိုင်း

ဝင်လာတာတွေ့၍ မြတ်သူပြေးခေါ်လာသည်။ လေးကျော်တို့နောက်တွင် တိုင်းမိဘများ

သူ...Where stories live. Discover now