Episode 12

123 4 0
                                    



မေ့မျောနေသောကောင်းဇေ့ကို ခွဲခန်းကထွက်လာကတည်းက  တိုင်း တချက်မျှနေရာမရွှေ့ပဲ

ငေးကြည့်နေမိသည်။တကိုယ်လုံးညစ်ပတ်နေသောတိုင်းကို လေးကျော် မကြည့်နိုင်တော့၍..

"တတိုင်း ..တညလုံးတောက်လျှောက်မနားရသေးတော့ အိမ်ပြန်ပီး နားလိုက်ပါလား..သားဇေကို

လေးကျော်တို့ စောင့်ကြည့်နေမှာပါ"

"တိုင်း မပြန်ဘူး လေးကျော် ...တိုင်းသူ့အနားပဲ နေချင်တယ်"

အခန်းထဲရှိ ဇေ့ကို တိုင်း မလွှဲတန်းကြည့်ရင်း လေးကျော်ကိုပြန်ပြောသည်။ဦးမင်းထင်က

တိုင်းကျောကိုပုတ်ကာ

"ဒါဆို အခုသားအိမ်ပြန်ရေမိုးချိုးလိုက်..ပြီးရင်ပြန်လာကြမယ်..သားအင်္ကျီမှာ သွေးတွေပေနေတယ်လေ..."

ဖေဖေပြောမှ သူ့ကိုယ်သူပြန်ငုံ့ကြည့်မိသည်။ သွေးတွေပေနေတဲ့အင်္ကျီကို လက်ဖြင့်ဖွဖွပွတ်မိရင်း

တိုင်းမျက်ရည်ပူများကျလာသည်။

"ဒါ...ဇေ့သွေးတွေ..."

ဟုဆိုကာ ရှိုက်ငိုပြန်သည်။ တိုင်းအမေက တိုင်းပူလောင်နေတာကို နားလည်သလိုကြည့်ရင်း...

"ရေချိုးပြီး ပြန်လာမယ်လေသား ....ဇေသတိရလာလို့ သားအခုပုံစံကိုတွေ့ရင် စိတ်မကောင်းဖြစ်မှာ.."

မေမေ့စကားကြောင့် တိုင်းသတိဝင်လာသလို လှုပ်လှုပ်ရှားရှားဖြစ်သွားကာ...

"ဟုတ်တယ်....သားရေချိုးရမယ် ...သား ဒီကို နာရီဝက်အတွင်း ပြန်ရောက်ချင်တယ် မေမေ"

"ဟုတ်ပီ ..မေမေပြန်ပို့ပေးမယ်နော်..လာ..."

တိုင်း လေးကျော်တို့ကို နှုတ်ဆက်ကာ ခပ်သုတ်သုတ်ပြန်သွားသည်။ ရာဇာတို့လည်း မနက်မှ

တခေါက်ပြန်လာမည်ဆိုကာ ပြန်သွားသည်။တိုင်းတို့ပြန်သွားပြီးချိန် သူရိန်ပြန်ရောက်လာကာ

တိုက်ပြေးသွားသောကားမောင်းသူကို ဖမ်းဆီးရပြီဖြစ်ကြောင်း၊တရားခံမှာ သဇင့်ရည်းစားဟောင်း

သူ...Donde viven las historias. Descúbrelo ahora