Episode 6

90 4 0
                                    



" Pentagon အရမ်းအောင်မြင်တော့ အခုပွဲတိုင်းလိုလိုကဖိတ်နေတာကို လက်ခံပြီးတက်စေချင်တယ်

ညီဇေ"

Manager ကိုသူရိန် ဖုန်းထဲမှ ပြောသံကို ကောင်းဇေ နားထောင်ရင်း သက်ပြင်းချမိသည်။

"တိုင်းတို့ ၄ ယောက်ပဲ တက်လိုက်ရင် ရတာပဲ ကိုသူရိန်"

"မဟုတ်သေးဘူး ညီဇေ... music video ထွက်ကတည်း ပရိတ်သတ်တွေက ပြောနေဝေဖန်နေကြတာ၊

ဒီအတိုင်း ဆက်သွားရင် ဝေဖန်တာတွေပိုဆိုးလာမှာ"

"ပြီးတော့ နောက်ဆိုရင် stage performance တွေရှိလာမှာ ...ညီဇေ စဉ်းစားမိရဲ့လား?"

"နားလည်တယ် ကိုသူရိန်... ဒါဆိုရှေ့အပတ်ထဲ တက်ရမယ့်ပွဲတွေကို အဖွဲ့လိုက်တက်ဖို့အတွက်

စီစဉ်လိုက်တော့"

"Ok..ညီဇေ၊ အသေးစိတ်ကို ထပ်ပြောပေးမယ်"

ကိုသူရိန်ပြောသလို ဒီအတိုင်းရှေ့ဆက်ဖို့ အဆင်မပြေတော့တာကို သူသိသည်။ အဖွဲ့ ကွဲသွားပြီဟု

ကောလဟသတွေလည်းထွက်နေတော့ Pentagon အတွက် ကြာရင်အဆင်မပြေနိုင်။ အသံလေ့ကျင့်တာ၊

အကလေ့ကျင့်တာကအစ ကောင်းဇေအိမ်မှာပဲသီးသန့်ဆရာဝနနဲ့ Andrew လာတကြိမ်လေ့ကျင့်ပေးသည်။

တိုင်းကို သူရှောင်နေရတာ နာကျင်စေပေမယ့် တွေ့ခွင့်ရဖို့ မျှော်လင့်နေတာလည်း သူကိုယ်တိုင်ပင်။

အရမ်းလွမ်းနေလို့ မျက်နှာလေးပဲ မြင်ခွင့် ရချင်တယ်တိုင်းရယ်။

"Hello ကိုရာဇာ ...ကျွန်တော်တို့ အကုန်လုံး ပွဲတက်ဖို့အတွက် ကိုသူရိန်စီစဉ်နေတယ်။ တိုင်းက

ကျွန်တော်နဲ့အတူပွဲတက်ဖို့ အဆင်ပြေပါ့မလား?"

"အခုဆို ၁လတောင်ကျော်နေပြီပဲ ညီဇေ...တတိုင်းကိုကြည့်ရတာလည်း သွေးအေးနေပါပြီ "

"ဟုတ်ပြီ ကိုရာဇာ...ဒါဆိုရင်ကျွန်တော်တို့ first attendance ပွဲဖြစ်မှာပေါ့"

"Ok ညီဇေ...ဒါနဲ့ ..ဟိုလေ...ငါပြောချင်တာက.....အင်း...."

ကိုရာဇာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတာကို ကောင်းဇေရိပ်မိကာ

သူ...Место, где живут истории. Откройте их для себя