Episode 9

90 5 0
                                    


Pentagon Concert အောင်အောင်မြင်မြင်ပြီးဆုံးသွား၍ ကောင်းဇေ နောက်ဆုံးလုပ်ရန်

တခုသာကျန်တော့သည်။ ကောင်းဇေ ကျန်းမာရေးအခြေအနေကြောင့် အပြီးတိုင် အနားယူရမည်ဟု 

media မှကြေငြာပေးရန်ပင်။ နက်ဖြန် အိမ်ပြန်ရန်အတွက် လေးကျော်အားလုံးစီစဉ်ပေးထား၍

ကောင်းဇေ လိုအပ်သည်များကို အိတ်ထဲထည့်နေ၏။  သူနှုတ်ထွက်မည့် အကြောင်းကြေငြာရန်အတွက်

 လေးကျော်က ဆောင်တော်ကူး media နှင့် ချိတ်ဆက်ထားပြီးဖြစ်သည်။သူတို့အထင်ကောင်းဇေ

  comeback အတွက် စီစဉ်နေသည်ဟု သတ်မှတ်ထားကြ၏။လေးကျော်က တိုင်းတို့အဖွဲ့ဝင်များကိုတောင်

အစီအစဉ်များကို အသေးစိတ်ပြောမပြထားပေ။


..........တီတီတီ................

"ဟယ်လို ကိုအာကာ.."

"ဟယ်လို ညီဇေ..နေကောင်းလား? အဆင်ပြေရဲ့လား? ငါလည်း ဖုန်းမဆက်ဖြစ်တာ ကြာလို့"

"ပြေပါတယ် ကိုအာကာ... Concert အတွက် Congrats ပါ.. အစ်ကိုတို့ ဖျော်ဖြေတာ

အရမ်းမိုက်တယ်ဗျာ"

"မမြှောက်ပါနဲ့ကွာ..မင်းမရှိတော့ ငါ့မှာ အားမရှိသလိုပဲ..အရင်လို အချိန်တွေ

သတိရတယ်...မင်း sweet voiceကို ထပ်ကြားချင်နေတာ"

"ကျွန်တော် တော်ရုံနဲ့ သီချင်းဆိုဖြစ်မယ်မထင်ဘူး... ဒါပေမယ့် ကိုအာကာ မင်္ဂလာဆောင်ရင်တော့

လာဆိုပေးမယ်လေ.. .ကောင်မလေးနဲ့ မြန်မြန်ယူတော့ဗျ....ဟားဟားဟား"

"တကယ်လား? ငါမှန်းထားတာနောက်နှစ်ဆိုတော့ မင်းကို တခါတည်းကြိုbookingတင်ထားမယ်...ပြီးမှ

မငြင်းနဲ့ "

"စိတ်ချပါဗျာ"

"ဒါနဲ့ မနေ့ညက Zero Clubမှာ တတိုင်း ရန်ဖြစ်လို့ ရဲစခန်းရောက်သေးတယ်...သူ ညတိုင်း Club

တက်တယ်ကွာ..ဘာဖြစ်နေမှန်း မသိတော့ဘူး"

"ဟင်!...ဘာလို့လဲ ကိုအာကာ??"

သူ...Where stories live. Discover now