Episode 7

86 5 2
                                    


ကောင်းဇေ ဘယ်ဘက်လက်ဖျံရိုး အက်သွားသဖြင့် ကျောက်ပတ်တီးစည်းရသောကြောင့် ၂ ပတ်နား

ရမည်။Concertကိစ္စများ အဆင်မပြေသဖြင့် နောက်ထပ် ၁လရွှေ့လိုက်ရသည်။ ပရိတ်သတ်များကို

တော့ မကြေငြာထားသေး။ ၂ပတ်အလိုမှ ချပြမည်ဟု လေးကျော်နဲ့ကိုသူရိန် စီစဉ်ထားသည်။ လက်ထိခိုက်

 ပြီး ၂ရက်မြောက်နေ့ တိုင်းတို့ ၄ ယောက် ကောင်းဇေ့အိမ်သို့သတင်းလာမေးရင်း Concert အတွက်

ဆွေးနွေးနေကြသည်။ ကောင်းဇေပျော်မိသော်လည်း တိုင်းမျက်နှာခပ်တည်တည်ဖြစ်နေသဖြင့် သူ့မှာ

ကြံရာမရဖြစ်နေ၏။ ဖေဖေနဲ့လေးကျော်က တိုင်းတို့ကိုဧည့်ခံနေချိန် အာကာက ကောင်းဇေ့နားတိုးတိုးလေး

ကပ်ကာ.....

"ညီဇေ..အခြေအနေသိပ်မကောင်းဘူး..မင်းမသိဘူးလား? လက်ထိထားတော့ ဖုန်းမသုံးဖြစ်ဖူးထင်တယ်"

"ဟင်...ဘာလို့လဲ ကိုအာကာ"

အာကာက ဖုန်းထုတ်ကာ ဘယ်သူ့မှမမြင်အောင် ကောင်းဇေရှေ့ထိုးပြသည်။

"ညကမှ online မှာတက်လာတာ"

ကောင်းဇေဖုန်းကို ကြည့်မိတော့ Facebook Page တခုမှ သူတို့၂ယောက်ချစ်နေကြောင်းကို

လက်ထိတဲ့နေ့က ကောင်းဇေနဲ့တိုင်း ဖက်ပြီးလှဲနေပုံသုံးကာ အကျယ်တဝင့်ရေးသားထားလေသည်။

"ဒီမနက်တင် ညီဇေနဲ့ တိုင်းကို shipping pageတွေ ထဖွင့်ကြတာ ၁၅ ခုလောက်ရှိလာပြီ...ဒီမှာကြည့်"

Lovely T&Z ဆိုတဲ့ pageကို  အာကာဖွင့်ပြသည်။ ကောင်းဇေတို့ တက်သမျှပွဲတိုင်းမှ သူနှင့်တိုင်း

၂ယောက်တည်းကို ရှင်းရှင်းလင်းလင်းမြင်ရသောပုံများကို တွေ့ရသည်။ ပုံတိုင်းနီးပါးက ကောင်းဇေ

တိုင်းကိုသိသိသာသာလှမ်းကြည့်နေသည်ပုံချည်းသာ။

"အခု ..တတိုင်းက သူ့မိဘတွေနဲ့ရော၊ သဇင်နဲ့ရော ပြဿနာအကြီးအကျယ်တက်နေတယ်..မနေ့က

သူ့အမေရောက်လာပြီး တိုင်းကို အိမ်ပြန်ဖို့ ခေါ်တယ်ကွာ..အခုမလိုက်ရင် အိမ်ပေါ်လုံးဝပြန်တက်မလာနဲ့

သူ...Kde žijí příběhy. Začni objevovat