Episode 5

92 5 0
                                    



ကောင်းဇေ အိမ်ပြန်ရောက်နေတာ အခုဆိုရင် ၃ရက်ရှိပြီဖြစ်သည်။ သူCAMPကထွက်လာပြီး နောက်တနေ့

တိုင်း ပြန်ရောက်လာသည်ဟု ရာဇာစာပို့ထားသည်။ ရူးမတတ်လွမ်းနေပေမယ့် အခုအချိန်

အများနဲ့တယောက်လိုမျိုး သူ့ဘက်မှာတယောက်မှမရှိနေတော့ လောလောဆယ် အိမ်မှာပဲနေမည်

ဟုဆုံးဖြတ်လိုက်သည်။

တိုင်းတို့ ၄ယောက်ပဲ နောက်အပတ် တောင်ပေါ်မြို့တမြို့မှာ music video သွားရိုက်ဖြစ်မည်။

လေးကျော်နဲ့ဖေဖေ့ ကိုလည်း ဖြစ်ကြောင်းကုန်စင် ပြောပြထားလို့ ဒီအခြေအတိုင်းဆက်နေရန်

တိုက်တွန်းကြသည်။ဖေဖေက အစပိုင်း စိတ်ဆိုးပေမယ့် လေးကျော်ကြားမှဖြန်ဖြေ၊ ရှင်းပြပေးသော

ကြောင့် ကောင်းဇေကို ခွင့်လွှတ်ပေးလိုက်သည်။

"ငဇေ ..ယောင်္ကျားတယောက်ကို အလိုမတူဘဲနမ်းတာ လူကြားလို့မကောင်းဘူး... ...ငါတို့သိက္ခာကျတယ်"

"ငါ... တတိုင်းကို ဘယ်လောက်ထိတောင်းပန်ခဲ့ရသလဲ...ကံကောင်းလို့သူ့မိဘတွေဆီ

မရောက်သွားလို့..တတိုင်းကို မေ့နိုင်အောင် ကြိုးစားပြီး ဂီတဘက်မှာပဲ ဇောက်ချလုပ်စမ်းကွာ"

လေးကျော်မခံမရပ်နိုင်စွာ ပြောတော့ ကောင်းဇေ ရင်နာမိသည်။သူ့အချစ်ကြောင့်နောက်ဆုံးသူက

နှာဗူးလို့သတ်မှတ်ရအောင် အရမ်းအပေါစားဆန်နေခဲ့တာလား?

"ဇေသူ့ကိုချစ်တာ မေ့ပစ်ဖို့မဟုတ်ဘူး.. သူ့ဘက်ကပြန်ချစ်ချစ် မချစ်ချစ် ဇေကတော့ ဆက်ချစ်နေဦးမှာ

....လူတယောက်ကို ရင်ဘတ်အတွင်းဆုံးမှာ ထည့်ထားပြီး ချစ်ရတာ...... ဘယ်လောက်

ကြည်နူးစရာကောင်းလဲဆိုတာ လေးကျော် မသိပါဘူး"

"အေး အဲဒါ ကြည်နူးစရာ ကောင်းတာမဟုတ်ဘူးဟေး ... ထောက်ချောက်မိနေတာလို့ ခေါ်တယ်"

"ထောက်ချောက်ဆိုလည်း ရတယ်...အဲ့ကနေလွှတ်အောင်ရုန်းနေမှ နာတာ ...မရုန်းသရွှေ့ မနာဘူး"

သူ...Where stories live. Discover now