Episode 3

92 7 0
                                    


Andrew လေ့ကျင့်ပေးနေသဖြင့် Dancing practice room မှန်ရှေ့ တွင် သူတို့ ၅ယောက်

ချွေးဒီးဒီးကျအောင် လေ့ကျင့်နေကြသည်။

"Could you please lift your right hand to up and down ..at that beat ...rotate your body 180'

....u heard music beat ..right?"

Andrew ကပြင်သစ်လူမျိူး choreographer တယောက်ဖြစ်သဖြင့် သူ့ကကွက်တွေက ခက်ခဲသော်လည်း

ဆန်းသစ်သည့်အပြင် ကနေစဉ်အတွင်း မျက်နှာအမူအယာကို ဘယ်လိုပြုမှုဖို့ကိုပါ အသေးစိတ်

သင်ကြာပေးသည်။

"1 2 3 4 5 6 7 8 then 8 7 6......"

"ဝုန်း"

"တိုင်း"

Andrew တိုင်ပေးနေစဉ် တိုင်း ပြုတ်ကျသွားတာ ဖြစ်သည်။ တိုင်းပြိုကျတာနဲ့ တပြိုင်နက် ကောင်းဇေအသံ

 ဟိန်းခနဲ ထွက်လာပြီး တိုင်းအနားချက်ချင်းရောက်လာကာ ပွေ့ထားလိုက်သည်။

"တိုင်း ...ဘာဖြစ်သွားလဲ??..ခေါင်းမူးလို့လား??"

"ခြေထောက် ကြွတက်တာ..အား"

တိုင်း ရှုံမဲ့ပြောလျှင် ကောင်းဇေ ..တိုင်းကို ပွေ့လျှက်ခြေလှမ်းကျဲကြီးဖြင့်  အခန်းထဲမှ ထွက်သွားသည်။

တိုင်းမှာ ခြေထောက်ကြွတက်နေသဖြင့် ရုန်းဖို့သတိမရဖြစ်နေပုံရသည်။ ကောင်းဇေ

အခန်းသို့ရောက်သောအခါ တိုင်းကို အိပ်ရာပေါ်တွင် ညင်သာစွာချလိုက်ရင်း တိုင်းဖိကိုင်ထားတဲ့

 ညာဘက်ခြေသလုံးကို သူလက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ကာဖိဖိချေပေးနေသည်။ Andrew နှင့်

ရာဇာတို့လည်း ပါလာရာ ကောင်းဇေက ..

"ကိုရာဇာ ....ရေနွေးအိတ်ယူပေးပါလား..တိုင်းခြေထောက်မှာ ကပ်ဖို့"

"အေး ....ဒီမှာ Andrew တခါတည်းယူလာပေးတာ"

ကောင်းဇေ Andrew ပေးသော ရေနွေးအိတ်ကို တိုင့်းခြေထောက်မှာ ကပ်ပေးလိုက်ရင်း

တိုင်းနဖူးပေါ်ဖရိုဖရဲ ကျနေတဲ့ ဆံပင်တွေကို ပင့်သပ်ပေးလိုက်သည်။

"သက်သာသွားမှာ... တိုင်းတခုခုစားပြီး အကိုက်အခဲ ပျောက်ဆေးသောက်ဖို့ ...ဇေသွားလုပ်လိုက်မယ်"

သူ...Where stories live. Discover now