အပိုင်း (၆) ချောကလက်ဝေဖာ

16.2K 302 1
                                    

သာယာညိမ့်ညောင်းသော စန္တရားသံလေးဖြင့် စနိူးအိပ်ရာမှ နိူးလာပါသည်။ 

မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးက စားပွဲပေါ်က နာရီက ၈နာရီထိုးနေပြီ. . ။ အခန်းထဲမှာလည်း နေခြည်နွေးနွေးလေး ဖြာကျလို့ . . 

အပြင်မှာတော်တော်လင်းနေပြီ. ။

မနေ့က အအေးမိသွားလို့ ဖျားချင်ချင် ဖြစ်သွားတာ၊ မေမေလာတိုက်တဲ့ဆေး သောက်ပြီး အိပ်ပျော်သွားတာ တချိုးထဲပဲ။ 

စန္တရားသံလေး အိမ်ပေါ်ထပ်က ကြားနေရတယ်. . ။ 

စနိူးကုတင်ပေါ်ကနေ လူးလှိမ့်ရင်း နားထောင်ကာ ဇိမ်ယူနေလိုက်သည်။ ၅ မိနစ်လောက်နေတော့ စန္တရားသံ တိတ်သွားသည်။

အဲတော့မှ စနိူးလည်း အိပ်ရာကထ မျက်နှာသစ်.. ၊ အခန်းပြင်ကို ထွက်ကြည့်လိုက်တော့ အောက်ထပ်မှာ ဘယ်သူမှ မရှိပါ။ ပြီးတော့ မနေနိုင်တာနဲ့ အိမ်ပေါ်ကို တက်ကြည့်သည်။ 


အဖေ ပြောထားတဲ့ ကိုကို့ အမေရဲ့ အိပ်ခန်းက တံခါးပွင့်နေသည်။

မေမေနဲ့ အဖေတို့ ဘယ်သွားကြပြန်ပြီလဲ မသိဘူး။ ကိုကိုက ဒီအခန်းထဲကို တခြားသူဝင်တာ မကြိုက်ဘူးတဲ့. . ။


စနိူးခြေထောက်ကို ဖွနင်းပြီး အခန်းပေါက်ဝမှာ သွားချောင်းကြည့်လိုက်သည်။ အထဲမှာ ကိုကို. . 


 ပစ္စည်းတွေကို ဖုန်သုတ်နေသည်။ အခန်းထောင့်မှာ အနက်ရောင် ပြောင်လက်နေသော စန္တရားတစ်လုံးကို တွေ့လိုက်ရသည်။

ဟားး း. . ဒါစောစောက အသံမြည်လာတဲ့ စန္တရားပဲ ဖြစ်မယ်. . မိုက်လိုက်တာ. .။


အဲ့ဒီ့စန္တရားကို စနိူး သွားကိုင်ကြည့်ချင်မိသည်။ အဲ့အန်တီအခန်းထဲမှာ တခြားထူးထူးဆန်းဆန်း စိတ်ဝင်စားစရာ ဘာမှ သိပ်မရှိပါ။ ပစ္စည်းတွေတော်တော်များများကို အဝတ်နဲ့ အုပ်ထားတာတွေ့ရသည်။


စန္တရားကြီးကတော့ အမိုက်စားပဲ သူနောက်တစ်ခါလောက် ထပ်တီးရင် ကောင်းမှာပဲ. . .။ 

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now