အပိုင်း (၄၄) နောင်တ

11.8K 243 1
                                    

သည်လိုနှင့် မိုက်ကယ်နဲ့ ဆူဇန်တို့ လူကြီးစုံရာရှေ့မှောက်မှာ မဖြစ်မနေလက်ထပ်ခဲ့ကြပါတယ်။ မဖြစ်မနေလက်ထပ်တယ် ဆိုပေမယ့် ဖြစ်သလိုလက်မှတ်ထိုးခဲ့ကြတာမဟုတ်ပေ။

မြို့နယ်တရားရုံးမှာ လက်မှတ်ထိုးပြီးနောက် မြို့မျက်နှာဖုံးဧည့်သည်တွေ အများကြီးဖိတ်ပြီး မင်္ဂလာဧည့်ခံပွဲအကြီးအကျယ် လုပ်ပေးသေးတာ. .။ 

ပွဲလာတဲ့ ဧည့်သည်တွေထဲက ဆူဇန်တို့ဘက်က မိတ်ဆွေတွေချည်းပါပဲ. .၊ မိုက်ကယ်ရဲ့ ဆွေမျိုးအသိမိတ်ဆွေတွေက ခပ်နည်းနည်းရယ်. .

မိုက်ကယ်အတွက် ဒီလိုကိုယ်နဲ့ မသိဖူး မမြင်ဖူးတဲ့လူတွေအများကြီးကို အပြုံးမပျက်လိုက်နူတ်ဆက်ရင်း၊ သူကြွယ်တွေရဲ့ ခနဲ့တဲ့တဲ့ပြောလိုက်တဲ့ နူတ်ဆက်စကားလေးတွေကို ဟန်မပျက်ပြန်ဧည့်ခံပေးနေရတာ ရင်ထဲမှာတော့ အမောကြီးမောနေပြီ. .

သို့ပေမယ့် ဆူဇန်သိက္ခာကျမှာစိုးလို့ ပွဲမှာရုပ်ပျက်ဆင်းပျက်မဖြစ်အောင်လည်း နေပြရသေးသည်။

အခုလည်း ညစာစားပွဲကို ဆက်ကျင်းပပေးနေကြတာ. . .

ဒါပေမယ့် ညစာစားပွဲကတော့ နေ့လည်က ဧည့်ခံပွဲလိုမဟုတ်ဘူး။ အသောက်အစားတွေပါတယ်။ ကျောင်းကသူငယ်ချင်းတွေ အများကြီးလာကြတယ်. .။ ပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ ပိုလွတ်လပ်တယ်. .။

မိုက်ကယ်တစ်ယောက် နေ့ခင်းက စိတ်ကျဉ်းကျပ်ခဲ့သမျှ ညပွဲကြမှ အသက်ရှုချောင်သွားရတော့တယ်။ သူငယ်ချင်းတွေရဲ့ ဝိုင်းမှာသွားထိုင်ပြီး စိတ်ပြေလက်ပျောက် စကားတွေပြောဖြစ်ကြတယ်.. .။


'ငါမထင်ဘူး သားကြီးရာ. . . မင်းကိုကြည့်ရတာ တောထွက်တော့မယ့်ရုပ်နဲ့. . ခုကျငါတို့တောင် ရည်းစားမရသေးဘူး။ မင်းကအရင် မိန်းမယူသွားတယ်ပေါ့ကွာ'

"သြော်. . ဒါကတော့ ဒီအသက်ဒီအရွယ်ရောက်နေပြီ ရည်းစားမရသေးတာ မင်းညံ့လို့ပေါ့ကွ. . ဟားဟားဟား"

မိုက်ကယ်လည်း စကားကိုအလိုက်သင့်ထိန်းပြောပေးနေလိုက်ပါသည်။ အားလုံးက သူနဲ့ဆူဇန်နဲ့ ခိုးရာလိုက်ပြေးတယ်ပဲ သိထားကြတာလေ. . ။ မယူချင်ဘဲ မဖြစ်မနေမို့ ယူလိုက်ရပါတယ်လို့ ပြောလို့ကောင်းမလား။ မိန်းကလေးရဲ့ သိက္ခာဆိုတာကရှိသေးတယ်။

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now