အပိုင်း (၃၁) လိမ္မာပါတော့မယ်

9.6K 234 9
                                    

နောက်တစ်နေ့ မနက်ကစပြီး ကိုကိုက အရင်လိုပဲ လေစိမ်းတွေပြန်တိုက်နေပါတော့တယ်။ စနိူးကိုလည်း မလိုအပ်ဘဲ စကားမပြောတော့ဘူး။ မျက်နှာက ခပ်တည်တည်ခပ်တင်းတင်းကြီးနဲ့. . .


နေ့လည်စာ စားချိန်တွင်

'ကိုကို'

ရိုင်ယန်က ဘာမှပြန်မထူးဘဲ ထမင်းဆက်စားနေသည်။

'စနိူးကို အခုထိ စိတ်ဆိုးနေတုန်းလားဟင်. . '

ကျောက်ရုပ်ကြီးနဲ့ စကားပြောနေရသလို ဘာသံမှ မကြားပါ။

>>ကိုကိုပဲ တမင်ပြန်မဖြေတော့တာလား။ ဒါမှမဟုတ် စနိူးပဲ မနေ့က ဖျားပြီးသေသွားလို့ ၊ အခုဝိဉာဉ်ကြီးဖြစ်နေလို့ ကိုကိုက စနိူးရဲ့ စကားတွေ မကြားတော့တာလား။

မဟုတ်သေးပါဘူး။ ငါသာသေသွားတာဆိုရင် ကိုကိုက မနက်က ငါ့ဖို့ ကြက်ဥထမင်းကြော် ဘယ်ကြော်ပေးပါ့မလဲ။<<

'စနိူး နောက်သူတို့နဲ့ ဘယ်တော့မှ မပေါင်းတော့ပါဘူး. . နောက်လည်း အဲ့ဒီ့ကိုမသွားတော့ပါဘူး။'

"အင်း"

အင်း တစ်လုံးပြောပြီး ရိုင်ယန်က ပြန်ငြိမ်သက်သွားပြန်သည်။

>>သြော် . . ဒါဆိုငါမသေဘူးပေါ့။ ကိုကိုက စိတ်ကောက်လို့ ပြန်မဖြေတာပေါ့။ ဘုရားစူး 'အင်း' တစ်လုံးကို ကြားရဖို့အရေး စနိူးမှာ ဘယ်အထိတွေးမိမှန်း မသိဘူး<<

'အဲ့ဒါတွေကလည်း ကိုကိုမှ စနိူးကို အရင်ထဲက တားမှမတားထားတာ ကိုကိုမကြိုက်မှန်းဘယ်သိပါ့မလဲ။ စိတ်ချပါ နောက်လိမ္မာတော့မှာပါ။'

ဘာမှပြန်မပြောတော့ပြန်ဘူး. . .

'ကိုကို. . .

ကိုကို. . . စနိူးကို အဲလို စကားမပြောဘဲ မနေနဲ့လေ'


"ဟင်. . . . ပြောစရာက စကားမှ မရှိတာ။. . ကဲ. . ငါစားလို့ပြီးပြီ"


ပြောပြောဆိုဆိုနှင့် ချက်ချင်းထသွားလေသည်။ တကယ်ဆို ကိုကို ထမင်းလည်းသိပ်မကုန်သေးဘူး။


'ကိုကို ပန်းကန်ထားခဲ့ စနိူးဆေးပေးမယ်လေ'

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now