အပိုင်း (၆၇) Spade A

10.4K 236 8
                                    

မနက်မိုးသောက် နေရောင်ပျောက်ပျောက်ကလေးအောက်မှာ ရွက်စိမ်းရနံ့လေးတွေ သစ်သစ်လွင်လွင်လေးတွေ သင်းနေအောင် စိမ်းစိုနေတဲ့ ခြံကလေးနဲ့ နှစ်ထပ်တိုက်အိမ်ကလေး. . .

စနိူးတို့ ရိုင်ယန်တို့ ငယ်ငယ်ကနေခဲ့ကြတဲ့ ဘားအံအိမ်ကလေးပေါ့။

ကျေးဌက်မြည်တွန်သံလေးတွေကလည်း မနက်ခင်းစောစောမို့ ဟိုနားကတစ်ချက် ဒီနားကတစ်ချက် ကြားနေရတယ်။

လူ ၃ ဦး ထိုခြံရှေ့နားက ဖြတ်သွားရင်း ခြံထဲကို မသိမသာတစ်ချက်လှမ်းကြည့် သွားကြလေ၏။ နယ်ခံလူတော့မဟုတ်. . ၊ မျက်နှာစိမ်းလူများဟုပြောလို့ရသည်။ ထိုသူများမှာ အခြားလူများမဟုတ်ဘဲ . . ဓါးမင်း၏တပည့်များသာ ဖြစ်ကြလေသည်။

တစ်ဦးက သူ့လက်ထဲကဖုန်းကိုနှိပ်လိုက်ပြီး . . .

တူ. . တူ. . တူ (ဖုန်းဝင်သံ)

"သူ့မိဘတွေလည်း အိမ်မှာမရှိတော့ဘူးထင်တယ်။ အိမ်လည်း သော့ပိတ်ထားတာ ၂ရက်ရှိပြီဆရာ"

'အေး. . . ငါတို့ကိုရိပ်မိသွားလို့ရှောင်နေတာများလား မသိဘူး။ မင်းတို့ပြန်လာခဲ့ကြတော့. .

တော်ကြာပျောက်တာ အရမ်းကြာနေရင် ဦးစည်သူတို့လူတွေ သိသွားအုံးမယ်. . '

"ဟုတ်ကဲ့ပါဆရာ"

= = = = =

စနိူးတစ်ယောက် အခန်းအပြင်ကို ငေးကြည့်နေသည်။ အပြင်ကခြံထဲကို စတီဗင်ရဲ့ကားဝင်လာတာ တွေ့လိုက်ရသည်။ ကားထဲက ထွက်ထွက်လာချင်း စတီဗင်က အပေါ်ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။ စနိူးက သူ့မျက်နှာမြင်သည်နှင့် အထဲဝင်သွားသော်လည်း စတီဗင်ကတော့ မဲ့ပြုံးလေးပြုံးရင်း အိမ်ထဲကို အေးအေးဆေးဆေး ဝင်လာခဲ့လိုက်ပါသည်။

စနိူးအခန်းထဲကို ရောက်တော့. . .၊ စနိူးက တံခါးကိုကျောခိုင်းပြီး ထိုင်ခုံမှာထိုင်နေပါသည်။

'bae . . . .

ကို့ဘေဘီလေး. . အမလေးကွာ. . . မတွေ့ရတာ ၂ရက်နီးပါးရှိတော့မယ်. .၊ ဘေဘီ့ကိုလွမ်းလိုက်ရတာ. . ဘေဘီကလည်း ကို့ကိုလွမ်းလို့ထင်တယ်. . ။ ထမင်းတောင် ကောင်းကောင်းမစားနိူင်ရှာဘူးဆို'

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now