အပိုင်း (၆၁) ပျားရည်ဝိုင် - Warning

33.7K 336 8
                                    

ဒေါ်ဂျယ်နီ မျက်လုံးများ ဝိုးတဝါးပြန်မြင်လာရသည်။ မျက်နှာကျက်က သူမ မမြင်ဖူးသောမျက်နှာကျက်၊ ၄ ပေ မီးချောင်းတွေကို တွေ့လိုက်တာနဲ့ ဒါအိမ်မဟုတ်မှန်း တန်းသိလိုက်သည်။ 

သတိရရခြင်း ပထမဆုံး ရလိုက်တာက စူးရှရှဆေးရုံအနံ့ကြီး. . .၊ ညာဘက်လက်ဖမိုးပေါ်မှာလည်း တင်းတင်းကျပ်ကျပ် တစုံတခုကိုခံစားလိုက်ရသည်။

>>အား ခေါင်းကိုက်လိုက်တာ. . . ငါဘာဖြစ်သွားပါလိမ့်<<

'ဂျယ်နီ. . ဂျယ်နီ. . '

"ဟင်.. အကိုကြီး"

'ဂျယ်နီ. သတိရလာပြီလား. . '

ဒေါ်ဂျယ်နီက ဦးမိုက်ကယ်ရဲ့လက်ကိုကိုင်ပြီး အားယူကာထလိုက်သည်။

"အကိုကြီး ဂျယ်နီဘယ်လိုလုပ် ဆေးရုံရောက်လာတာလဲ"

'ဖြည်းဖြည်းထ ဖြည်းဖြည်းထ . . လက်က ဆေးပုလင်းသွင်းထားတာ ထိမိသွားအုံးမယ်'

>>အဲ့ဒီ့ဆေးပုလင်းက အရေးမကြီးပါဘူး. .. ။ အရေးကြီးတာ သမီး<<

"ဟိုကောင်လေးရောလို့. ."

'စတီဗင်လား. .. အမလေး မင်းရဲ့သမက်လောင်းကြီးလား. . အားမကိုးရပါဘူးကွာ

သမီးထွက်ပြေးသွားပြီဆိုတာနဲ့ မင်းကိုလှည့်တောင် မကြည့်တော့ဘူး။ သူ့လူတွေနဲ့ အကုန်ပတ်ရှာဖို့ အပြင်ထွက်သွားကြတာ. .။ ငါ့မှာဆိုင်က ကလေးတွေကို အကူအညီတောင်းပြီး မင်းကိုဒီအထိရောက်အောင် လိုက်ပို့ရတာ'


ဒေါ်ဂျယ်နီက မျက်ရည်များဝဲလာပြီး. . .

"အကိုကြီး . .အကိုကြီးရေ . . . သမီးကို ရအောင်ရှာမှဖြစ်မယ်"

'ဂျယ်နီရယ်. . . ငါလည်း ရှေ့မျက်နှာနောက်ထားပြီး ပြောရတော့မယ်. .။ ကလေးတွေကိုဒီအတိုင်း ထားလိုက်ပါတော့ကွာ၊ သူတို့ဘဝနဲ့ သူတို့သာရှိပါစေတော့. .'

"မဟုတ်ဘူး အကိုကြီး မဟုတ်ဘူး။ သမီးမှာအန္တရာယ်ရှိတယ် အကိုကြီး. . သမီးမှာ အသက်အန္တရာယ်ရှိတယ်"

'ဂျယ်နီ မင်းပေါက်ကရတွေမပြောနဲ့တော့ . . ရိုင်ယန်က သမီးကိုဘာမှမလုပ်ဘူးစိတ်ချ'

Step-Siblings ဖအေမတူ မအေကွဲ (Completed)Место, где живут истории. Откройте их для себя