အပိုင်း (၅၃) လွဲပါရစေ ကြမ္မာဆိုး

10.5K 212 4
                                    

စနိူးမြန်မာပြည်ကို ပြန်လာခဲ့ပါပြီ။

လေဆိပ်မှာ စနိူးကို တစ်မိသားစုလုံးလာကြိုကြတာ. .

ဒီတစ်ခါ ကားမောင်းတဲ့သူကတော့ ကိုကိုပေါ့. .အဖေက နေပြန်ကောင်းနေပြီဆိုပေမယ့် ကားသိပ်မမောင်းဖြစ်တော့ပါဘူး. . .။

ကိုကိုလည်းပိန်သွားတယ်. . စနိူးကသာ အဆီများတဲ့ဆန်တွေစားပြီးတော့ ပိုဝလာတာ. . .

စနိူးအိတ်တွေကို ကိုကိုပဲ ကားအနောက်ထဲကို ထည့်ပေးတာပါ။ ဒါပေမယ့် စကားလုံးဝမပြောဘူး၊ မျက်လုံးချင်းတောင် မဆုံအောင်ရှောင်နေတယ်။ မေမေကတော့ ထုံးစံအတိုင်း စနိူးနဲ့ဆိုနောက်က အမြဲထိုင်စီးနေကြ. . .

ကိုကိုက တကယ်ကို နေနိုင်တာပဲ။ အမှန်ဆို စိတ်ဆိုးရမှာ စနိူးမဟုတ်ဘူးလား၊ သူကဘာမှဖြစ်နေစရာ အကြောင်းမရှိဘူး။ ဘာလဲ သူက သူ့ဘာသူမလုံမလဲဖြစ်နေတာများလား။

စိတ်မပူပါနဲ့ကိုကို. . စနိူးက အရင်တုန်းကစနိူးမဟုတ်တော့ဘူး။ ကိုကို့ထက်ပိုပြီး ရက်စက်တတ်တဲ့ ကိုကို့ထက်ပိုပြီး မာကျောတဲ့ စနိူးဖြစ်သွားပြီ. . .

ကိုကို့ကို အရွဲ့တိုက်ချင်လို့ ကားထဲမှာတလမ်းလုံး စတီဗင့်အကြောင်း မိုးမွှန်အောင်ပြောလာတာ. . ၊ မေမေကတော့ ဘေးနားမှာ ခေါင်းတွေညှိမ့်ပေါ့. .။ အဖေကလည်း သဘောကျပုံရပါတယ်။

စနိူးက ကိုကို့ကိုတွေ့ပေမယ့် အရင်ကလို ရှက်ကိုးရှက်ကန်းနဲ့မဟုတ်ဘဲ၊ လုံးဝစောက်ဂရုမစိုက်တဲ့ပုံနဲ့ ပျော်မြူးပြနေလိုက်တာ. .

စနိူးဟိုမှာ ဘယ်လိုတွေနေတဲ့အကြောင်း ဘာတွေချက်စားတဲ့အကြောင်း. .၊ ဘယ်သွားတဲ့အကြောင်း. . ဘာအားကစားတွေ လုပ်ဖြစ်တဲ့အကြောင်း စသည်ဖြင့် ရွှန်းရွှန်းဝေနေအောင်ကို ပြောတာ. . .

ကိုကို့ကိုတော့ invisible ကြီးလို စနိူးမမြင်နိုင်တဲ့ ကိုယ်ပျောက်ဝိဉာဉ်ကြီးတစ်ခုလို ပြန်ဆက်ဆံလိုက်တယ်လေ

= = = = =

စနိူးမြန်မာပြည်ပြန်ရောက်တော့ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ဖြစ်တယ်။ အေးဖောတို့နဲ့ လျှောက်လည်ကြ မုန့်တွေသွားစားကြပေါ့. .

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now