အပိုင်း (၆၄) ဒီတစ်ယောက်ထဲကို ချစ်ပေးပါ - Warning

19.5K 295 9
                                    

တရားရုံးထဲကို ဝင်လိုက်တာနဲ့ အပြင်ကအပူရှိန်တွေ ပျောက်ကွယ်ပြီး အေးရိပ်သွားတာပါပဲ။ အင်္ဂလိပ်ခေတ်က ဗိသုကာတွေနဲ့ ဆောက်ခဲ့တဲ့ တရားရုံးကြီးလေ. . .

ဝင်ဝင်ချင်း ဟောခန်းမထဲမှာ လှေကားအကြီးကြီးက ခန့်ခန့်ညားညားကြီး ရှိနေပါတယ်။

ဒီနေ့က စနိူးနဲ့ ကိုကိုတို့ လက်ထပ်လက်မှတ်ထိုးကြတဲ့နေလေး. .

ဒီနေ့လေးအတွက်တော့ စနိူး ပိုက်ဆံအများကြီး သုံးမိပါတယ်။ မင်္ဂလာဝတ်စုံအတွက်တော့ ဈေးကြီးကြီးပေးပြီး ဝယ်မိတယ်။ တစ်သက်မှာ တစ်ခါပဲ လက်ထပ်ရတာမှတ်လား. . ၊ ပြီးတော့ အဲလိုဝယ်ဖြစ်သွားတာ ကိုကို့ကြောင့်

စနိူးနဲ့ကိုကိုနဲ့မှာ ဓါတ်ပုံများများစားစားမရှိခဲ့ပါဘူး၊ ငယ်ငယ်တုန်းက တောင်ဝိုင်းမှာအတူတူရိုက်ခဲ့တဲ့ ပုံလေးကလွဲလို့ပေါ့။ စနိူးတို့ pre-wedding လည်းကောင်းကောင်း ရိုက်နိုင်လိုက်တာမဟုတ်ဘူးလေ။ ဓါတ်ပုံဆရာငှားပြီး မနက်အစောကြီး တရားရုံးမသွားခင် လူရှင်းတဲ့နေရာတွေမှာ အလှဓါတ်ပုံလေးတွေ ရိုက်ရတာကိုး. . . ။

အဲ့တာကြောင့် ဒီနေ့လေးကတော့ အရေးကြီးတဲ့ အမှတ်တရလေးတွေရှိတဲ့နေ့မို့ သေသေချာချာပြင်ဆင် သွားလိုက်ရပါတယ်။ မင်္ဂလာဝတ်စုံကို cream ရောင် (နို့နှစ်ရောင်) လွင်လွင်ကလေး ဆင်တူဝတ်ကြပြီး၊ လက်ကိုင်ပန်းကလည်း အလှပြင်ဆိုင်က ပြင်ပေးထားတဲ့ လီလီပန်းနဲ့ နှင်းဆီပန်းစီးလေးပါ။ လီလီအဖြူရောင်ကို နှင်းဆီ ပန်းရောင်နုနုလေးတွေနဲ့ ရောပြီးထိုးထားတာ. . .

ပြီးတော့ ကိုကို့မေမေရဲ့ စိန်ဘယက် နဲ့ လက်ဝတ်လက်စားတွေကို ဝတ်လိုက်တာနဲ့တင်ဂေါ်နေပြီလေ. . .။

စနိူးတို့ရဲ့ မင်္ဂလာဧည့်ခံပွဲအတွက်လည်း ဘာမှကြီးကြီးမားမား မစီစဉ်ထားပါဘူး။ သောကြာနေ့ညကျရင် ကိုကို့ရဲ့ အရင်းအနီးဆုံး သူငယ်ချင်းတွေကို ဖိတ်ပြီး စားသောက်ဆိုင်တစ်ခုမှာ သီးသန့်လေးဧည့်ခံလိုက်တဲ့ သဘောလောက်ပဲ လုပ်မှာပါ။ စနိူးဘက်ကဆို ဘယ်သူမှတောင် မပါနိုင်ဘူး. . .။ တနင်္ဂနွေနေ့မှ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆွမ်းသွားကပ်မယ်လေ. . ဒီလောက်ပါပဲ

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now