အပိုင်း (၂၄ ခ) ကိုကို့စိတ်တွေ ဘယ်သူ့ဆီမှာလဲ

12.7K 220 4
                                    

စနိုးကတော့ အလိုလိုနေရင်း မုန့်စားဆင်းချိန်ဆို ကိုကိုရှိရာ ဆယ်တန်းဆောင်ဘက်ကို မယောင်မလည်နဲ့ သွားသွားနေကြ။

လမ်းပတ်လျှောက်သလိုလိုဘာလိုလိုနဲ့ ကိုကို့ မျက်နှာလေးကို တွေ့လိုတွေ့ငြားပေါ့. . .

ဒီနေ့ကတော့ စာမေးပွဲနီးလာလို့လား မသိဘူး။

ဆယ်တန်းတွေ သိပ်ကျောင်းမတက်ကြတော့ဘူး။

ထိုစဉ် ဆယ်တန်းအဆောင် အပေါ်ထပ်လှေကားမှ မအဲလက်စ်နှင့် ကိုဒဲရစ်ခ်တို့ အတူတူဆင်းလာကြသည်။ မအဲလက်စ်က ခပ်ပြုံးပြုံးမျက်နှာလေးဖြင့် အရှေ့က ဆင်းလာပြီး၊ ကိုဒဲရစ်ခ်ကတော့ အနောက်ကနေ ဖြည်းဖြည်းချင်းလိုက်လာသည်။

ကိုဒဲရစ်ခ်မျက်နှာသိပ်မကောင်းပါ

ဘာလဲ. . .မအဲလက်စ်က ကိုကို့ကိုမရလို့ ဟိုအကိုကြီးနဲ့ ပြောင်းတွဲသွားပြီလား. .။ ပျော်စရာကြီး. .

ဘာကြောင့်မှန်းမသိ စနိူးစိတ်ထဲ အမှိုက်တစ်စရှင်းသွားသလို ရုတ်တရက်ကြီး ပေါ့ပါးပြီး ပျော်ရွှင်သွားသည်။

ထိုစဉ်

"အဲလက်စ်. . ."

ဟင် ကိုကို. .

ကိုကိုက စနိူးကို မမြင်ပါ။ မအဲလက်စ်ဆီကို ခြေလှမ်းသွက်သွက်ဖြင့် ခပ်မြန်မြန်လျှောက်လာသည်။ မအဲလက်စ်က မျက်လုံးဝိုင်းလေးဖြင့် ပြူးကြည့်နေစဉ်

ကိုကိုက မအဲလက်စ်ရဲ့ လက်ကို လှမ်းဆွဲလိုက်သည်။

"လာ . ."

ပြောပြောဆိုဆိုနှင့် အဲ့အမကို လက်ဆွဲပြီးခေါ်သွားသည်။ အနောက်က ကိုဒဲရစ်ခ်ကြီးက ကျန်ရစ်ခဲ့ပေါ့။ ကိုကိုက ကိုရီးယားဒရမ်မာကားတွေထဲက သဝန်တိုနေတဲ့ မင်းသားကြီးလိုပဲ. . မျက်နှာက ပုပ်သိုးပြီး ဒေါကြီးမောကြီးနဲ့

မအဲလက်စ်ကတော့ ရှက်လည်းရှက် ဝမ်းလည်းသာဆိုတဲ့ မျက်နှာပေးနဲ့ ကိုကိုဆွဲခေါ်တဲ့နောက်ကို ပါသွားတာ. .

စနိူး သိတာပေါ့။ မိန်းမအချင်းချင်း မအဲလက်စ်ရဲ့မျက်နှာက ဘာအချိုးဆိုတာ. .

စနိူးမှာ ကြည့်နေရင်းနဲ့ အလိုလို မျက်ရည်တွေ ကျလာမိတယ်။ မအဲလက်စ်ကိုလည်း အဝေးကနေ ခေါင်းအစ ခြေအဆုံး ငေးကြည့်နေမိတာ. .

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now