အပိုင်း (၇၀) မားဖီးယားမင်းသမီး

14.8K 260 10
                                    

ဝီ. .ဝီ. . ဝီ .. ဝီ (ဆေးရုံကား ဥသြဆွဲသံ)

စနိူးနှင့် ရိုင်ယန်ကို သေနတ်နှင့် ချိန်လိုက်သည့်အချိန်တွင် ခြံဝင်းထဲသို့ ဆေးရုံကားတစ်စီး ရောက်လာလေသည်။ ခြံတံခါးကြီး ပွင့်နေသောကြောင့် ဆေးရုံကားက ခြံထဲအထိဝင်လာနိုင်ခြင်းဖြစ်သည်။

ယင်းက ဒေါ်လီလီယမ်အတွက် ခေါ်ထားသောဆေးရုံကား

ဆေးရုံကားသံကို ကြားသည်နှင့် အားလုံး၏အာရုံက ပြတင်းပေါက်ဆီသို့ ရောက်သွားကြသည်။ မသိစိတ်က အပြင်ကို တစ်ချက်လောက်တော့ ကြည့်မိကြ၏။ စနိူးနှင့် ရိုင်ယန်တို့ကတော့ မလွတ်နိုင်မှန်းသိလို့ ထွက်ပြေးဖို့လည်း မကြိုးစားတော့ပါဘူး။ ထိုင်ခုံတွေကို ပြန်ချပြီး၊ လက်တွေကို ခိုင်အောင်တွဲလို့ မလွတ်တမ်းဆုပ်ကိုင်ထားလိုက်ကြတယ်။ ဘယ်ကိုမှငေးကြည့်မနေတော့ဘူး တစ်ယောက်မျက်နှာကိုပဲ တစ်ယောက်သေသေချာချာ စိုက်ကြည့်နေလိုက်မိတော့တာ. . .

>>အချိန်ဆိုတာက တန်ဖိုးရှိတယ်လေ. . နောက်ဆုံးကျန်တဲ့ အချိန် စက္ကန့်ပိုင်း မိနစ်ပိုင်းလောက်ကလေးကို မနိုင်မှန်းသိနေတဲ့ ရုန်းကန်မှုတွေနဲ့ အချိန်ကုန်ခံနေတော့မယ့်အစား ကိုယ်ချစ်ရတဲ့သူရဲ့လက်ကို တစ်စက္ကန့်လောက်ပိုပြီး တွဲထားလိုက်ရရင် ပိုအဓိပ္ပါယ်ရှိမသွားနိုင်ဘူးလား. ..<<

>>ဒီဘဝမှာ နောက်ထပ်မဆုံစည်းနိုင်တော့ရင်တောင် နောင်ဘဝကျရင် ကိုကိုနဲ့ပဲဆက်ချစ်ချင်ပါသေးတယ်ကိုကို. . .<<

စနိူးက သက်ပြင်းအရှည်ကြီးချလိုက်ပြီး စိတ်ကိုပြင်ဆင်ထားပြီးသား. . .

ထိုစဉ်. . .

'ဟေ့ရောင်တွေ. . နေကြအုံး. . '

အနောက်မှ ဦးစည်သူ၏ လှမ်းအော်သံကို ကြားလိုက်ရသည်။

'ဘယ်သူ့ကိုမှ လျှောက်မပစ်နဲ့အုံး. . မင်းတို့အရမ်းမလုပ်ကြနဲ့'

အားလုံးက အနောက်ကို လှည့်ကြည့်လိုက်သောအခါ. .၊ အနောက်မှာ ဦးစည်သူနှင့်အတူ လူတစ်စု လမ်းလျှောက်လာနေသည်ကို တွေ့ရသည်။

ထိုလူစုထဲတွင် အသက်အတော်အတန်ကြီးနေပြီဖြစ်သော အဖိုးအိုကြီးတစ်ဦး၊ ရှေ့နေဦးအေးမြင့်၊ မိုးရတနာနှင့် အဲလစ်တို့ ပါဝင်လေသည်။

Step-Siblings ဖအေမတူ မအေကွဲ (Completed)Where stories live. Discover now