Part 1 (Unicode & Zawgyi)

1.8K 83 10
                                    

Unicode

Busan ဆိုတယ့်မြို့‌‌တစ်မြို့ရဲ့ မနက်ခင်းလေးမှာနေရောင်ခြည်‌လေးက ပြတင်းပေါက်ကနေ ဖျာထွက်လာခဲ့တယ်။
အိပ်ပျော်နေတယ့် အဖြူရောင်လူသားလေးဆီကိုပေါ့ ဟိုလိမ့်ဒီလိမ့်နဲ့ အိမ်မက်ကမ္ဘာထဲမှာပျော်နေချိန်ပေါ့။

*ဒုန်း ဒုန်း*

"ဟဲ့ Park Jimin နင်မထသေးဘူးလား ငါ့ကိုဈေးသွားဝယ်ပေးအုံးလေ နောက်ကြနေပီ "

"Ahh Omma ထပီ ထပီ "

" အေးအခုဆင်းလာခဲ့တော့နော် "

"Nae"

အဖြူရောင်ကောင်လေးက စောင်ပုံလေးထဲကနေထွက်လာပီး‌မျက်မှန်လေးကိုကောက်တက်ပီး‌ရေချိုးခန်းထဲဝင်သွားခဲ့တယ်။
ခနအကြာတော့ ထွက်လာပီးမှန်ရှေ့မှာ ပြင်ဆင်တော့တယ်။ ကောင်လေးက သူရုပ်ကိုသူမှန်ထဲမှာကြည့်ပီး စုပ်တချက်သက်လိုက်သည်။

" ကျစ် ငါ့ရုပ်ကဘာလို့ အဲ့လောက်ထိတောင်ဆိုးနေရတာလဲ ။မျက်မှန်ကလဲ ပုလင်းဖင်လောက်ရှိတယ်။ အသားကလဲ သူများတွေနဲ့ယှဉ်ရင်မဲနေသေးတယ် မျက်နှာကကြည့်ပျော်ရူပျော်ရုပ်ကိုမပေါက်ဘူး ဟူးးး"

"ဟဲ့ Park Jimin မလာသေးဘူးလား"

" Nae Omma လာပီ"

ကောင်လေးလဲ အောက်ထပ်ကိုဆင်းလာခဲ့တယ် ။သူတို့က မချမ်းသာဘူးဆိုပေမဲ့ ဆင်းလဲမဆင်းရဲဘူး စားနိုင်သောက်နိုင်အလယ်လတ်တန်းစား‌တွေပေါ့။ Busan မြို့တခွင်မှာ သူတို့ရဲ့ ထမင်းဆိုင်ကနာမည်အကြီးဆုံးဘဲ Promise ဆိုင်ဆိုရင် မသိသူမရှိ‌သလောက်ဘဲ။

" Omma ရဲ့ ရုပ်အဆိုးဆုံးသားလေးရောက်လာပီ "

" ဟဲ့ အငယ်မ နင်ငြိမ်ငြိမ်နေစမ်း ငါနင်နဲ့ဒီနေ့ရန်မဖစ်ချင်ဘူးနော်"

" သမီးကို Omma နဲ့တူအောင်မွေးပေးခဲ့လို့ကျေးဇူးတင်ပါတယ် ommaရယ်။ appaနဲ့ oppa လိုသာဆိုရင် သမီးရုပ်အရမ်းဆိုးနေမှာ "

" ဟဲ့ နင့်appa ကိုအဲ့လိုမပြောရ‌ဘူးလေ ။နင့်appaကြားလို့ စိတ်မကောင်းဖစ်နေမယ် "

"Omma ကလဲ appaကUSAမှာကို ဘယ်လိုလုပ်ကြားမှာလဲ"

Park Jimin ရဲ့appa Park Minsoက USAက ဆိုင်တခုမှာ Chief တယောက် ဖစ်တယ်။ Park Minsoက Korea ကိုပြန်မလာနိုင်တာ ငါးနှစ်လောက်ရှိခဲ့ပီ။ ဒီKorea ကဆိုင်မှာတော့ သူ့ommaကဘဲ ဦးစီးပီးလုပ်ကိုင်ခဲ့တယ် ။Park Jiyoon က သွက်သွက်လက်လက်ဖျက်ဖျက်လက်လက် လဲရှိတယ် ။သူမရဲ့ဆိုင်အောင်မြင်တာဘဲ ကြည့်ပေါ့ သူမရဲ့ဦးစီးဦးဆောင်ကောင်းမှု‌ တွေကြောင့်ပေါ့ ။သူ့မှာသားသမီးနှစ်ယောက်ရှိတယ်။ အကြီးဆုံးက Park Jimin ပေါ့ အငယ်တယောက်က Park Sooji သူ့သားသမီးနှစ်ယောက်လုံးကလဲ အားရင်အားသလိုသူ့အမေကိုဝိုင်းကူညီပေးကြတယ်လေ ။

Crush Love 💚💛Where stories live. Discover now