Part 11 ( Unicode & Zawgyi)

429 55 6
                                    


Unicode

ဒီနေ့မှာ သူ့ရဲ့အိမ်ပြန်လမ်း လေးဟာ ခြောက်ကပ်ကပ်ဖစ်နေခဲ့သည်။သူနဲ့နတ်သားလေးရဲ့ ဆက်ဆံရေးက အရင်ကဆို အေးတိ အေးစက်ဖစ်နေတတ်ပေမဲ့ အခုနောက်ပိုင်း နတ်သားလေးက သူ့‌ အပေါ်ကို အရမ်းလျစ်လျူမရှုထားတော့ဘူး။ဒီနေ့ကတော့ အရင်ကနဲ့ မတူဘူးပေါ့...။ သူမကြိုက်တာကိုမှ ကိုယ်ကလုပ်လိုက်မိ
တယ့်အတွက် နောင်တ တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့သာ အိမ်ပြန်လာခဲ့ရသည်...။

"သား ပြန်လာပီလား ဒီကိုခန လောက်လာခဲ့ပါအုံးကွယ်"

"Nae Omma..."

သူခြံထဲဝင်ဝင်ချင်း ဆိုင်ထဲမှာ အလုပ်ရှုပ်နေတယ့် အမေက သူ့ကိုတွေ့တော့ လှမ်းပီးခေါ်လိုက်တာနဲ့ သူလဲအိမ်ဘက်ကိုမသွားတော့ဘဲ ဆိုင်ထဲကိုသာဝင်လာခဲ့ တော့သည်။

"ဘာခိုင်းစရာရှိလို့လဲ Omma"

"သား Jiminလေး"

သူဆိုင်ထဲရောက်ရောက်ချင်းအမေ့ဆီတန်းသွားခဲ့ပေမဲ့ အနောက်ကနေထွက်လာတယ့်ရင်းနှီးနေတယ့် အသံကြောင့် သူလဲ အနောက်ကိုလှည့်ကြည့်လိုက်သည်။

"အန်တီ..."

လှည့်ကြည့်လိုက်‌တော့ ထယ့်အမေက သူ့တို့ဆိုင်ကိုရောက်နေတယ်။သူဆိုင်ထဲဝင်ဝင်လာချင်းတုန်းက ဆိုင်ထဲကိုသေချာမကြည့်မိလိုက်တော့ အန်တီရောက်နေတယ်ဆိုတာ သူသတိမထားမိခဲ့ဘူး...။

"အင်း...အန်တီ‌မနက်တုန်းက သားကိုပြောထားတယ်လေ သားတို့ဆိုင်ကို မိတ်ဖစ်ဆွေဖစ်လာခဲ့မယ်လို့"

ဟုတ်သား‌ဘဲ....အန်တီငါ့ကိုမနက်ကပြောထားတာဘဲ...ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့မထင်ထားတော့ အံ့ဩသွားတာတော့အမှန်ဘဲ...။

"ဟုတ်ကဲ့ အန်တီ ....အန်တီအခုဘာစားမလဲကျွန်တော်ဘာလုပ်ပေးရမလဲ"

"အန်တီစားပီးပါပီ သားရယ်"

"ဟုတ်တယ်သားရဲ့ အစ်မက ommaတို့ဆိုင်ကိုနေ့ခင်းထဲကရောက်နေတာ။အခုတောင်သား ပြန်မလာသေးလို့စောင့်နေတာ"

မီးဖိုချောင်ထဲက နေထွက်လာတယ့်အမေက သူ့ကိုလှမ်းပြောလိုက် တော့ သူလဲအန်တီဘက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။သူလှည့်ကြည့်လိုက်တော့ အန်တီကသူ့ကိုခေါင်းညိမ့်ပြပီး ပြုံးပြနေတယ်။အန်တီအပြုံးက ထယ့် အတိုင်းဘဲအရမ်းလှတာ။ထယ့် ကအဲ့ဒီအရမ်းလှတယ့် အပြုံးကိုကျွန်တော်ရှေ့မှာတော့ တခါမှမပြုံးပြခဲ့ဘူး....။တစ်ခြားသူတွေနဲ့ဆိုရင်တော့ အမြဲတမ်းမြင်ရတတ်တယ်...။ထယ်ကကျွန်တော့်အပေါ်မှာ အပြုံးလေးတစ်ခုတောင်မှ အရမ်းတွန့်တိုခဲ့တာဘဲနော်...။

Crush Love 💚💛Where stories live. Discover now