Part 14 ( Unicode & Zawgyi )

412 48 3
                                    


Unicode

"သူက တကယ်ဘဲအဲ့လိုပြောတာလား"

"အင်းလေ"

သူလဲ Hoseok ပြောလိုက်တယ့် စကားကြောင့် နတ်သားလေးကို လှမ်းကြည့်‌လိုက်တာ မျက်လုံးချင်းဆုံသွားခဲ့တယ်။တကယ်ခနဆိုမှ ခနလေးပါဘဲ နတ်သားလေးက မျက်နှာပြန်လွဲသွားခဲ့တယ်။နတ်သားလေးက သူ့ကိုဆို ဘာလို့ ဒေါသထွက်နေတယ့်မျက်နှာနဲ့ဘဲ အမြဲတမ်းကြည့်နေတာလဲမသိဘူး။သူလဲ ဒေါသထွက်ထွက်နဲ့ ဘဲဘေးမှာအိပ်နေတယ့် Yoongi ကိုလှမ်းချလိုက်တယ်။

"Yarr ...ငါ့ကိုဘာလို့ရိုက်တာလဲ"

သူစိတ်တိုတိုနဲ့သာ မဆင်မခြင်ဘဲနဲ့ရိုက်လိုက်မိတာတကယ့်ဒေါသအိုးကိုမှ တုတ်နဲ့သွားဆွမိသလိုဖစ်သွားလို့ နည်းနည်းတောင်လန့်သွားတယ်။ဒါပေမဲ့ ကိုယ်လန့်ရင် သူကပိုပီး ဖြဲခြောက်မှာဆိုတော့
သူမဟောက်ခင် ကိုယ်ကအရင်ဟောက်ထားမှ အဆင်ပြေမှာ။

"မင်းဓာတ်ပုံလာရိုက်တာလား လာအိပ်တာလား။ကိုယ့်အလုပ်ကိုမလုပ်လို့ ငါကအသိပေးတာ မင်းကိုရိုက်တာမဟုတ်ဘူး"

"မင်းနော် အရှောင်ကောင်းလို့ နောက်တစ်ခါငါအိပ်နေလို့ လာနိုးရင် သူငယ်ချင်းတွေဘာတွေနားမလည်ဘူး မင်းအသေဘဲ"

"ဟွန့် "

သူကိုကမှားတာပါ ဒီလူပုစိတ်တိုကိုမှသွားရိုက်လိုက်မိတာ ။ရောက်လေရာနေရာမှာ သူဘဲအိပ်ပျော်နိုင်တယ်။

"Jimin shii"

"Namjoonshii လာလေထိုင်"

Namjoon လဲ ဒီအဖွဲ့ထဲမှာ သူနဲ့သိတယ့်လူတစ်ယောက်မှ မပါတော့ပျင်းနေမှာပေါ့ ။ဒီမှာ သူသိတာဆိုလို့ ကိုယ်ဘဲရှိတော့ကိုယ်ရောက်လာမှဘဲ သူ့မှာစကားပြောဖော်ရတော့မှာ။

"Namjoonshii ကိုမိတ်ဆက်ပေးရအုံးမယ် သူက Jung Hoseok ။ဟိုဘက်ကအိပ်နေတယ့် တစ်ယောက်ကတော့ Min Yoongi တယ့် ။ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေလေ"

"ဟုတ်ကဲ့ ကျွန်တော်က Kim Namjoon ပါ ။Park Jiminကို ခင်သလိုဘဲ ကျွန်တော့်ကိုခင်ကြပါခင်ဗျ"

"သား Jimin ရေ အကပြန်စကြမယ်"

"ဟုတ်ကဲ့ ဆရာ"

သူလဲ သူငယ်ချင်းတွေနားကနေထပီး ဆရာ့နားကိုအမြန်ပြေးသွားလိုက်သည်။နတ်သားလေးကိုကြည့်လိုက်တော့လဲ Jinနဲ့အတူတူရှိနေတော့ သူမရှိလဲအဆင်ပြေမှာပါလေ ။ဆရာ့ရဲ့ ကကွက်တွေက အရင်ဆုံးအကြောလျော့ပီးမှဘဲ လုပ်လို့ရတယ်။ဒီကွက်မှာ ခန္ဓာကိုယ်ပျော့ပြောင်းမှုက အဓိကဆိုတော့ အရမ်းခက်ခဲသလိုအရမ်းလဲပင်ပန်းတယ်။ဒါပေမဲ့ သူဘယ်တော့မှလက်မလျော့ဘူး။အချစ်အတွက် ဒီပင်ပန်းခဲ့သမျှအရာအားလုံးကို လျစ်လျူရှုထားနိုင်တယ်။နတ်သားလေးသာပြန်ချစ်ခဲ့ရင်တော့ ပင်ပန်းရကျိုးနပ်တာပေါ့။

Crush Love 💚💛Where stories live. Discover now