Part 21 ( Unicode & Zawgyi )

491 58 5
                                    


Unicode

ဒီမနက်ခင်း လေးက သာယာတယ်လို့ပြောရမလား....။အမှန်တကယ်တော့အပြင်မှာ မိုးအုံနေခဲ့ပါတယ်။ သာယာနေတယ်ဆိုတာ ကျွန်တော့်ကို မနက်တိုင်း ကျောင်းသွားဖို့လာလာခေါ်တယ့် နတ်သားလေးကြောင့်ပေါ့...။ တစ်ခါတစ်လေ ကြရင် ကျွန်တော်အိပ်ချင်ယောင်ဆောင်ပီး နတ်သားလေးလာနှိုးတာကိုစောင့်နေခဲ့တယ်။

အဲ့လိုနတ်သားလေးလာနှိုးတယ့်အချိန်ဆို ကျွန်တော်အရမ်းပျော်တာဘဲ...။ကျောင်းမှာအမြဲတမ်းတွေ့နေရပေမဲ့လဲ...မျက်လုံးနှစ်လုံးဖွင့်တယ့်အချိန်မှာ နတ်သားလေးမျက်နှာကို ပထမဆုံးမြင်လိုက်ရတာက ဘာနဲ့မှလဲလို့မရတယ့် ကြည်နူးစရာအချိန်လေးတစ်ခုပေါ့....။

ကျွန်တော်အပျော်ဆုံးဟာ နောက်တခုရှိသေးတယ်။အဲ့ဒါကနတ်သားလေးနဲ့ queen နဲ့ပြတ်သွားပီဆိုတယ့်သတင်းဘဲ...။ကျွန်တော့်ကိုအဲ့ကောင်မလေးကတော့ အညိုးထားနေလောက်မယ်ထင်တယ်။ဒါပေမဲ့ ကျွန်တော်ဂရုမစိုက်ပါဘူး အဲ့ကောင်မလေးက အရင် လာစမ်းတာကို...။ပတ်ခ်ဂျီမင်းကို ဒီလိုလာကြောလို့မှမရတာ ။

"Min....ထတော့လေ ကျောင်းနောက်ကျနေပီ ဒီနေ့စာမေးပွဲ ဖြေရမှာလေကွာ... အိပ်ပုတ်ကြီးမနေနဲ့ ထတော့..."

ကျွန်တော် အိပ်ချင်ယောင်ဆောင်နေရာကနေ နတ်သားလေးရဲ့ ‌စကားပြောသံကြောင့် ကျွန်တော် ပြုံးမိသလိုဖစ်သွားပါသေးသည်။Min...အင်း နတ်သား‌‌ လေးနှုတ်ဖျားကနေ Minလို့ထွက်လာတယ့်အသံက ကျွန်တောိ့နားထဲကို ပျားရည်လောင်းချလိုက်သလိုပါဘဲ ချိုတယ်...။

ကျွန်တော့်ကို အရင်က နတ်သားလေး Min..လို့ခေါ်တယ့်အချိန်နှစ်ချိန်ရှိတယ်။တစ်ချိန်က ကျွန်တော်စိတ်ဆိုးနေတယ့်အချိန်၊ နောက်တစ်ချိန်ကတော့ သူလိုချင်တာရှိတယ့်အချိန်...။အခုတော့ နောက်တစ်ချိန်ပါ ထပ်တိုးလာခဲ့ပီပေါ့...။ကျွန်တော် အိပ်ချင်ယောင်ဆောင်နေတာကလဲ အဲ့လို အသံလေးတွေကြားချင်လို့...။မနက်ခင်းမှာပထမဆုံးကြားလိုက်ရတယ့်အသံလေးက ဘယ်လောက်တောင် နူးညံ့ပီး ‌ဆွဲဆောင်မှုရှိလိုက်လဲဗျာ...။

"အင်း...အဲ.."

"အင်း...အဲ လုပ်မနေနဲ့‌ထတော့ စာမေးပွဲဖြေရမယ်လေ မြန်မြန်လုပ် ငါအောက်ကစောင့်နေမယ်..."

Crush Love 💚💛Where stories live. Discover now